တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၂၇၁၀)ဦးထိရှိ
Sep 13,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ ၊ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များ တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။