ဒေးဒရဲ စက်တင်ဘာ ၁၃
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် ယာယီဆေးရုံသာသနာ့ဗိမာန်တွင် ဆေးကုသမှု ခံယူနေသော ကိုဗစ်-၁၉ အတည်ပြုလူ (၄)ဦးအား ယမန်နေ့မွန်းလွဲပိုင်းက ဆေးရုံဆင်း ခွင့်ပြုလိုက်ရာ ဆေးရုံဆင်းခွင့်ရရှိသူ (၃၅၇)ဦးရှိပြီဖြစ်ကြောင်းသိရသည်။
အဆိုပါ ရောဂါပျောက်ကင်းသောလူနာများမှာ တမော့ကြီးကျေးရွာမှ အမျိုးသား(၁)ဦး၊ အမျိုးသမီး(၃) ဦး တို့ဖြစ်ပြီး ၎င်းတို့မှာ ရောဂါသက်သာပျောက်ကင်းပြီဖြစ်၍ ဒေးဒရဲမြို့နယ် ကျန်းမာရေးဦးစီးဌာနမှ ဆေးရုံဆင်းခွင့်ပြုခဲ့ရာ ဒေးဒရဲမြို့နယ် လူသားချင်းစာနာမှုအကူအညီပေးရေးအဖွဲ့မှ ပြန်လည်ပို့ဆောင် ပေးခဲ့ ကြောင်းသိရသည်။ ၎င်းလူနာများသည် နေအိမ်တွင် Home Quarantine (၇) ရက် နေထိုင်ရမည် ဖြစ်ကြောင်းသိရသည်။
ဒေးဒရဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ စက်တင်ဘာ ၁၂ ရက်ထိ အတည်ပြုလူနာ(၄၂၈)ဦး၊ ဆေးရုံဆင်းခွင့် ရရှိသူ(၃၅၇)ဦး၊ သေဆုံးသူ(၅၀)ဦးနှင့်ဆေးကုသမှုခံယူဆဲ(၂၁)ဦးရှိကြောင်း မြို့နယ် ကျန်းမာရေး ဦးစီးဌာနမှ သိရသည်။
အေဇာလင်း