ယင်းမာပင် စက်တင်ဘာ ၁၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့၊ အခြေခံပညာအထက်တန်းကျောင်း၊ ပညာဇွဲမာန် ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ပထမအကြိမ် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး( Sinopharm) ထိုးနှံခဲ့သော အသက် (၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများ အပါအဝင် ဦးတည် အုပ်စုများ အလိုက် သတ်မှတ်ထားရှိသူများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ၇ ရက်မြောက်နေ့အဖြစ် (၁၁၀)ဦးကို ထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့သို့ ကိုဗစ် - ၁၉ရောဂါကာကွယ်ဆေး(Sinopharm) ထိုးနှံပေးရာတွင် ကာကွယ်ဆေး လာရောက် ထိုးနှံသူများကို ကာကွယ်ဆေးမထိုးပေးမီ ကိုယ်အပူချိန် တိုင်းတာခြင်း၊သွေးပေါင်ချိန် တိုင်းတာခြင်းနှင့် ကာကွယ်ဆေးထိုးမှတ်တမ်းများ ရေးသွင်းခြင်းများပြုလုပ်ပြီးနောက် အသက်(၆၅)နှစ်နှင့် အထက်ရှိသူများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာ့ဝန်ထမ်းများ၊ ရဟန်း/ သံဃာ/သီလရှင်များ၊ နိုင်ငံ့ ဝန်ထမ်းများ၊ ပုဂ္ဂလိကပို့ဆောင်ရေးလုပ်ငန်းများတွင် ဆောင်ရွက်နေသည့် ယာဉ်မောင်း/ ယာဉ်နောက်လိုက် များ၊ ဈေးရောင်း/ဈေးဝယ်များ စသည့်ဖြင့် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူများကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒုတိယအကြိမ် ထိုးနှံပေးခြင်း ဖြစ်သည်။
ယင်းမာပင်မြို့နယ်၌ သြဂုတ်လအတွင်းက ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ပထမအကြိမ် ထိုးနှံပေးခဲ့သော အသက်(၆၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအပါအဝင် ဦးတည်အုပ်စုများအလိုက် သတ်မှတ်ထားရှိသူ(၆၇၀၀)ဦးအား ပထမအကြိမ် ထိုးနှံပေးနိုင်ခဲ့ပါသည်။၎င်းတို့အား စက်တင်ဘာ ၄ရက်နေ့မှ စတင်၍ ဒုတိယအကြိမ်အဖြစ် စက်တင်ဘာ ၁၂ရက်နေ့ ၇ရက် မြောက်နေ့အထိ စုစုပေါင်း (၃၃၈၅)ဦးကို ထိုးနှံပေးခဲ့ပြီး ဖြစ်၍ ဒုတိယအကြိမ်ထိုးနှံရန်ကျန်ရှိသူအားလုံးကို ကျန်းမာရေး ဝန်ကြီးဌာန၏ လမ်းညွှန်ချက်များအတိုင်းဆက်လက်ထိုးနှံပေးသွားမည် ဖြစ်ကြောင်းနှင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး (Sinopharm) ဒုတိယအကြိမ် ထိုးနှံပေးနေမှုအခြေအနေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမန်ကိုဟောနှင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ စေတနာ့ဝန်ထမ်းများက ဝိုင်းဝန်း ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သန်းဌေး(သရက်)