စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များ ယင်းမာပင်ခရိုင်၊ ယင်းမာပင်မြို့နယ် အတွင်းရှိ ဒေသခံ တောင်သူများအား စိုက်ပျိုးရေးသွင်းအားစုများ ထောက်ပံ့ပေးအပ်

ယင်းမာပင် စက်တင်ဘာ ၁၃

 

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမြတ်ကျော်နှင့် အဖွဲ့ဝင်များသည် ယနေ့နံနက် ၁၁ နာရီအချိန်က ယင်းမာပင်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ မြို့နယ်အတွင်းရှိ ဒေသခံတောင်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့မှ စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ကျင်းပ ခဲ့ကြောင်း သိရသည်။

 

အခမ်းအနားတွင် စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးမြတ်ကျော်မှ အဖွင့်အမှာစကား ပြောကြားကာ လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးဝင်းတင်စိုးက အမှာစကားပြောကြားခဲ့ပြီး တိုင်းဒေသကြီး စိုက်ပျိုးရေး ဦးစီးဌာနမှ တိုင်းဒေသကြီးဦးစီးမှူး ဦးဝင်းလှိုင်ဦးမှ တောင်သူများအား စိုက်ပျိုးရေးဆိုင်ရာ သွင်းအားစုများ    ထောက်ပံ့ပေးအပ်ရခြင်းနှင့်  ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။

 

ဆက်လက်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်  ဦးမြတ်ကျော်နှင့်  အဖွဲ့ဝင်များက တောင်သူများထံသို့ ကွန်ပေါင်းမြေသြဇာ (၅၀)အိတ်၊ ကျောက်မှုန့်မြေသြဇာ (၅၀)အိတ်၊ ရွက်ဖျန်းမြေသြဇာ(၅၀)ထုပ်၊ ဝါမျိုးစေ့(၇၅)အိတ်၊ EM(၁၀၀) လီတာဘူး(၃၀) ဆေးဖျန်းပုံး()ပုံးတို့ကို ထောက်ပံ့ပေးအပ်ရာ တောင်သူများက လက်ခံရယူခဲ့ပြီး ဒေသခံ တောင်သူများကိုယ်စား လည်ငေါက် ကျေးရွာမှ တောင်သူဦးဆန်းဝင်းက ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

 

ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယင်းမာပင်မြို့နယ်၊ ငါးမောင်းကျေးရွာ၊ တောင်သူဦးအောင်ဆွေ၏ လယ်ယာမြေတွင် တမန်းနှိုးခြင်းနှင့် မြေသြဇာကြဲပက်ခြင်းကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရှိရသည်။

                                                                                                                  

သန်းဌေး