ကျိုက်လတ်မြို့နယ် ဗလီခြံ‌ရေကျော်ကျေးရွာတွင် ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း ပြုလုပ်ပေး

ကျိုက်လတ်   စက်တင်ဘာ  ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဦးစီးဌာနရုံးမှမြို့နယ်ဦးစီးမှူး ဦးထွန်းဆွေဦးဆောင်သော ဝန်ထမ်းများမှ မြိုနယ်အတွင်းရှိ နိုင်ငံသား စိစစ်ရေးကတ်ပြား မရရှိသေးသူများနှင့် ပြုလုပ်လိုသူများကို ပန်းခင်းစီမံချက်ဖြင့် ယမန်နေ့က ဗလီခြံ ရေကျော်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်း‌ဆောင်ရွက်ပေးရခြင်းနှင့် ပတ်သတ်၍ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးထွန်းဆွေက ပန်းခင်းစီမံချက်၏ ရည်ရွယ်ချက်နှင့် အိမ်ထောင်စုလူဦးရေစာရင်း၊ နိုင်ငံသားစိစစ်ရေး ကပ်ပြားတွင် ပါရှိရမည့်အထောက်အထားများ၊ မပျောက်ပျက်အောင်ကိုင်တွယ်ထိန်းသိမ်းရမည့် နည်းစနစ်များ၊ ကိုဗစ်ကာကွယ်ရေးဆိုင်ရာစည်းကမ်းချက်များ အသိပညာပေးဆွေးနွေးပြောကြားခဲ့ပြီး၊ ပြည်သူများ လွယ်ကူလျင်မြန်စွာဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ရရှိနိုင်ရေး ပြုလုပ် ဆောင်ရွက်ပေး ခဲ့ပါသည်။

ထိုသို့ ဆောင်ရွက်ပေးရာတွင် ကျိုက်လတ်မြို့နယ်က ညင်ချောင်းကျုံဖားကျေးရွာအုပ်စုမှ နိုင်-၃(က) ကျား(၁၆)ဦး၊ မ(၁၃)ဦး ပေါင်း(၂၉)ဦးနိုင်-၆(က)၊ ကျား(၄၃)ဦးမ(၂၉)ဦးပေါင်း(၇၂)ဦး၊ လဲလှယ်ကျား (၂၄)ဦးမ(၃၄)ဦးပေါင်း(၅၈)ဦး၊ မိတ္တူကျား(၄၀)ဦး၊မ(၃၆)ဦးပေါင်း(၇၆)ဦး၊ စုစုပေါင်းကျား(၁၂၃)ဦး၊ မ(၁၁၂)ဦးပေါင်း(၂၃၅)ဦးတို့အားကွင်းဆင်းပြုလုပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရပါသည်။

 

ဌေးဌေးလှိုင်