တံတားဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါ ဒုတိယအကြိမ် ထိုးနှံပြီးစီးသူ (၂၇၁၀)ဦးထိရှိ

တံတားဦး စက်တင်ဘာ  ၁၃

 

ကျောက်ဆည်ခရိုင် တံတားဦးမြို့တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ကျန်းမာရေး ဝန်ကြီးဌာနမှ သတ်မှတ်ထားသည့် ဦးစားပေးအုပ်စုများနှင့်အညီ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွားများ၊ သာသနာ့ဝန်ထမ်းများ၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စေတနာဝန်ထမ်းများ၊ နိုင်ငံဝန်ထမ်းများ၊  နိုင်ငံဝန်ထမ်းမိသားစုများ၊ ပုဂ္ဂလိကဘဏ်ဝန်ထမ်းများ၊ စက်ရုံ/အလုပ်ရုံဝန်ထမ်းများ ၊ပုဂ္ဂလိကပို့ဆောင်ရေဝန်ထမ်းများ၊ စူပါမားကတ်ဈေးရောင်းချသူများ စသည်တို့ကို ဆေးထိုးစုရပ်များ တွင် ဒုတိယအကြိမ် ကာကွယ်ဆေး ထိုးနှံပေးကြောင်းသိရသည်။

တံတားဦးမြို့တွင် ဒုတိယအကြိမ် ကာကွယ်ဆေးထိုးနှံပြီးစီးသူ အသက်(၆၅)နှစ်အထက် သက်ကြီး ဘိုးဘွား(၁၅၃၈)ဦး၊ သာသနာ့ဝန်ထမ်း(၁၃၈)ဦး၊ အစိုးရ/ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်း(၁၃)ဦး၊ စေတနာဝန်ထမ်း(၂၅၃)ဦး၊ နိုင်ငံဝန်ထမ်း(၁၄၄၀)ဦး၊  နိုင်ငံဝန်ထမ်း မိသားစုဝင်(၅၀)ဦး၊ ပုဂ္ဂလိက ဘဏ်ဝန်ထမ်း(၂၇)ဦး၊ စက်ရုံ/အလုပ်ရုံဝန်ထမ်း(၈၇)ဦး၊ ပုဂ္ဂလိက ပို့ဆောင်ရေးဝန်ထမ်း (၃၃)ဦးနှင့်စူပါ မားကတ်ဈေးရောင်းချသူ(၁၃၁)ဦး၊ စုစုပေါင်း(၂၇၁၀)ဦးအား ကိုဗစ်-၁၉ ‌ရောဂါ ကာကွယ်၊ ထိန်းချုပ် ဆေးထိုးနှံပြီးစီးကြောင်းသိရသည် ။

အဆိုပါကာကွယ်ဆေး ဒုတိယအကြိမ်ထိုးနှံပေးခြင်းကို  မြို့နယ်ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ် ရေးကော်မတီ ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများ ၊ ကျန်းမာရေးဝန်ထမ်းများ ၊ စေတနာ့ရှင် လူမှုရေးအဖွဲ့များ ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များက သတ်မှတ်ဦးစားပေး အုပ်စုများနှင့်အညီ နေ့စဉ် ဆက်လက် ထိုးနှံပေးမည်ဖြစ်ကြောင်းသိရသည်။

ရဲတင့်(တံတားဦး)