မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာစုစုပေါင်း (၁၅)ဦး ထပ်မံတွေ့ရှိပြီး ဆေးရုံ ဆင်းခွင့်ရရှိသူ(၄)ဦး နှင့် ကုသဆဲလူနာ (၆၇) ဦးသာကျန်ရှိ

မော်လမြိုင်ကျွန်း၊ စက်တင်ဘာ ၁၃

လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ယနေ့အချိန်အထိ ကိုဗစ်(၁၉) ရောဂါပိုးတွေ့ အတည်ပြု လူနာ (၇၂၂)ဦးရှိပြီး ကျန်းမာရေးကောင်းမွန်စွာဖြင့် ဆေးရုံဆင်းသူစုစုပေါင်း (၅၃၀) ဦးရှိကာ ကုသဆဲ အတည်ပြု လူနာ (၆၇)ဦး၊ လွှဲပြောင်းကုသလူနာ (၁၃) ဦးနှင့် ယနေ့အချိန်အထိ‌သေဆုံးသူ စုစုပေါင်း (၁၁၂)ဦး ရှိပြီဖြစ်‌ကြောင်း ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မြို့နယ်ကုတင် (၁၀၀) ဆေးရုံကြီးတွင် မြို့နယ်အတွင်းရှိသံသယလူနာများအား စစ်ဆေးရာမှ ပိုးတွေ အတည်ပြုလူနာ (၁၄) ဦးထပ်မံတွေ့ရှိခဲ့ပြီး ကျိုက်ပိတိုက်နယ်ဆေးရုံတွင်စစ်ဆေးရာမှ (၁) ဦး ပိုးတွေ့ရှိ ၍ စုစုပေါင်း (၁၅) ဦး ပိုးထပ်မံတွေ့ရှိခဲ့ပါသည်။ ကျန်းမာရေးပြန်လည်ကောင်းမွန်၍ ဆေးရုံ ဆင်းခွင့် ရသူ (၄) ဦးနှင့် (၁) ဦးထပ်မံသေဆုံးခဲ့ပါသည်။ ကျန်ရှိနေသည့်ကုသဆဲလူနာများအား မြို့နယ် ကုတင် (၁၀၀) ဆေးရုံကြီး၊ ကုတင် (၅၀)‌ ဆေးရုံနှင့် (၁၆) ကုတင်ဆံ့တိုင်းရင်းဆေးရုံတို့တွင် ကျန်းမာရေး စောင့်ရှောက်မှုပေးထားကြောင်းသိရသည်။

မြို့နယ်အတွင်းရှိပြည်သူများအနေဖြင့် မလိုအပ်ပါက အပြင်မထွက်ရန်၊ မဖြစ်မနေအပြင်ထွက်ပါက mask ကို စနစ်တကျတပ်ဆင်ခြင်း၊ တစ်ဦးနှင့်တစ်ဦး ခပ်ခွာခွာသွားလာနေထိုင်ခြင်း၊  လက်ကို မကြာခဏဆေး‌ ကြောခြင်းများ ဆောင်ရွက်ရန်၊ နေမကောင်းဖျားနာပါကဆေးရုံ ဆေးခန်းမသွားပဲ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းကုသနိုင်ရေးစီစဥ်ဆောင်ရွက်ထားရှိမှု့အား လိုက်နာဆောင်ရွက်ရန်၊ မြို့မစျေးကြီးနှင့် အိမ်ဆိုင်များ၊ စားသောက်ဆိုင်များအားလုံး နေ့စဥ်နေ့လည် ၁၂နာရီအချိန်ထိသာ ရောင်းချ ခွင့်ပြုထားခြင်းနှင့် mask နှင့်ဆေးဝါးဆက်စပ်ပစ္စည်းများ ဈေးနှုန်းမြှင့်တင် ရောင်းချမှုမရှိ စေရေး လိုက်လံစစ်ဆေးလျှက်ရှိပြီးမြို့နယ်ကိုဗစ် ၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ ၊ပြန်ကြားရေးဆပ်ကော်မတီ ၊မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနတို့မှ နေ့စဉ် ကြေညာလျက်ရှိကြောင်းသိရှိရသည်။

အောင်အောင်