ဆည်ပေါက်ချောင်းရေ တိုက်စားမှုကြောင့် ပြတ်တောက်သွားခဲ့သည့် (၁၀)လက်မရေသွယ်ပိုက်များ ပြန်လည် ပြုပြင်ပြီးစီး
Sep 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့တွင် မြို့ပေါ်ရပ်ကွက်များနှင့် အနီးဝန်းကျင် ကျေးရွာများသို့ သောက်သုံးရေပို့ဆောင်ရန်၊ ဆည်ပေါက်ရေစုကန်သို့ ဆက်သွယ်ပို့ဆောင်သည့် ငဝစမ်းရေထွက်နှင့် ကြို့ချောင်း ရေထွက်များမှ ရေသွယ်ယူသည့် (၁၀)လက်မရေပိုက်လိုင်းမှာ လွန်ခဲ့သည့် ရက်များက ရွာသွန်းမိုးဖြင့် ဆည်ပေါက်ချောင်းရေတိုက်စားမှုကြောင့် ပြတ်တောက်သွားခဲ့ရာ၊ မြို့နယ်စည်ပင်သာယာရေး အဖွဲ့အမှုဆောင် အရာရှိ ဦးချမ်းငြိမ်း၏ အနီးကပ်ကြီးကြပ်မှုဖြင့် ယမန်နေ့ ညနေပိုင်းတွင် ပြန်လည်ပြုပြင် ပြီးစီးခဲ့ ကြောင်း သိရသည်။