လပွတ္တာ စက်တင်ဘာ ၁၆
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် ခရိုင်/ မြို့နယ်ဌာန ဆိုင်ရာများ၊ မြို့မိမြို့ဖ၊ အလှူရှင်များ ပူးပေါင်း၍ လပွတ္တာခရိုင်အတွင်းဝါဆို/ ဝါကပ်တော်မူကြသော ဆရာတော်၊ သံဃာတော်၊ သာမဏေနှင့်သီလရှင်များအား ဆွမ်းဆန်တော်၊ ဆီ၊ ဆား၊ ပဲ ဆက်ကပ်လှူဒါန်းပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀ဝ နာရီအချိန်ခန့်က သကျမာရဇိန်ဆုတောင်း ပြည့်ဘုရားကြီးတန်းဆောင်း တော်ကြီး၌ ကျင်ပခဲ့သည်။
ထို့နောက် အခမ်းအနားတွင်တိုင်းဒေသကြီး အစိုးရအဖွဲ့မှ လှူဒါန်းသည့် ဆွမ်းဆန် (၄၆၇) အိတ် ၊ ဆီ (၆၇၂) ပိဿာ၊ ပဲ(၁၄၈၃) ပိဿာ၊ ဆား (၁၆၂) ပိဿာ စုစုပေါင်း တန်ဖိုး(၂၁,၆၀၅,၆၀၀)၊ ခရိုင်/မြို့နယ်ဌာနဆိုင်ရာများမှ စုပေါင်းလှူဒါန်းသော ဆွမ်းဆန် (၃၁၈) အိတ်၊ ဆီ(၄၀၀)ပိဿာ၊ ပဲ(၃၀၀) ပိဿာ၊ ဆား(၅၉၉)ပိဿာ စုစုပေါင်း တန်ဖိုး (၁၂,၃၇၉,၇၀၀) တို့ကိုလပွတ္တာခရိုင် အတွင်းရှိကျောင်းပေါင်း (၈၄၄)ကျောင်း၊ ဆရာ တော်/သံဃာတော် (၃၈၂၉)ပါးနှင့်သီလရှင် (၂၁၆) ပါး စုစုပေါင်း (၄၀၄၅) ပါးတို့အတွက် ဧရာဝတီတိုင်းဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ပစ္စည်းများဆက်ကပ် လှူဒါန်းခဲ့ရာ နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဘုရားကြီးကုန်း ဆရာတော် ဘဒ္ဒန္တကေသရထံမှ ရေစက်ချအနုမောဒနာ တရားတော်နာယူပြီး အခမ်းအနားကို ဗုဒ္ဓသာသနံစိတံတိဌတု (၃)ကြိမ်ရွတ်ဆိုဆု တောင်း၍ ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
လပွတ္တာခရိုင် ပြန်/ဆက်