ကျောက်ကြီး စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ကျောက်ကြီးမြို့နယ်၌ ယမန်နေ့နံနက် ၉နာရီမှ စတင်ပြီး၊ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌ ကျောက်ကြီးမြို့နယ် အုပ်ချုပ်ရေးမှူးစီမံမှုဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေးအား ပထမအကြိမ်အဖြစ် သတ်မှတ်သည့် စည်းကမ်းချက်များနှင့်အညီ ထိုးနှံပေးခဲ့ကြောင်း သိရသည်။
အဆိုပါ ကာကွယ်ဆေးအား ကျောက်ကြီးမြို့နယ်အတွင်းရှိ အသက် (၅၅)နှစ် မှ (၅၉)နှစ်၊ အသက် (၆၀)နှစ်မှ (၆၄)နှစ် ဒေသခံပြည်သူများ၊ နာတာရှည်ရောဂါ ဖြစ်ပွားနေသူများ၊ မသန်စွမ်းသူများအား ထိုးနှံပေးလျက်ရှိကြောင်း၊ ကာကွယ်ဆေးအမျိုးအစားမှာ တရုတ်နိုင်ငံထုတ် Sinopharm ကိုဗစ်ကာကွယ်ဆေး အမျိုးအစားဖြစ်ပြီး ကာကွယ်ဆေး တစ်လုံးလျှင် လူ(၅)ဦးနှုန်းဖြင့် ကျောက်ကြီးဒေသအတွက် ကျောက်ကြီး အထကကျောင်းတွင်လည်းကောင်း၊ နတ်သံကွင်းဒေသ အတွက် နတ်သံကွင်း အထကကျောင်းတွင်လည်းကောင်း၊ မုန်းဒေသအတွက် မုန်း အထကကျောင်းတွင် လည်းကောင်း ထိုးနှံပေးသွားမည်ဖြစ်ပြီး၊ ကျောက်ကြီးမြို့နယ်အနေဖြင့် ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး အလုံးရည် (၇၉၉) လုံးရရှိပြီး၊ လူဦးရေ (၃၉၉၅)ဦးအား စက်တင်ဘာလ ၁၅ ရက်နေ့မှ စတင်ပြီး ထိုးနှံပေးသွားမည်ဖြစ်ကြောင်း မြို့နယ် ကိုဗစ် - ၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌထံမှ သိရသည်။
ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနဝန်ထမ်းများ၊ သက်ဆိုင်ရာ ဌာနဆိုင်ရာ ရုံးဝန်ထမ်းများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့် Volunteer ပရဟိတ အဖွဲ့ဝင်များက ဝိုင်းဝန်ကူညီ ဆောင်ရွက်ပေးကြပြီး၊ ကာကွယ်ဆေးထိုးရာတွင် မထိုးခင်ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်၍ ဆေးထိုးပြီးလျှင် ချက်ခြင်းပြန်ခိုင်မည်မဟုတ်ပဲ စောင့်ကြည့်ပေးထားကာ၊ အရေးပေါ်ဖြစ်ပေါ်လာပါက ဆေးကုသမှု ပြုလုပ်ရန် စီစဉ်ထားရှိကြောင်း၊ ဆေးထိုးပြီးပါက နားနေနိုင်ရန် နားနေဆောင်များ စီစဉ်ဆောင်ရွက်ထားရှိပေးထားကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်