စက်တင်ဘာ ၁၆
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူများနှင့် ထိတွေ့ဆက် စပ်သူများ၊ ဖျားနာခြင်း၊ အသက်ရှု ကြပ်ပြီး၊ချောင်းဆိုးခြင်းတို့ကြောင့်နွားထိုးကြီးမြို့နယ်၊ ပဲချက်ကျေး ရွာ၊ အထကတွင် အနံ့ပျောက်၍ဖျားနေသူ (၁၈၆)ဦးကိုစစ်ဆေးရာ (၄၀ )ဦးတို့တွင်ပိုးတွေ့ပြီး ဆက် လက်၍ မြို့မစည်ပင်သာယာ ဈေးတွင်လည်း (၂၈၀)ဦးကိုစစ်ဆေးခဲ့ရာ(၄)ဦးကို (RDT ) ဖြင့် ယမန်နေ့ ညနေ ၃နာရီအချိန် တွင်စစ်ဆေးရာ ကိုဗစ်- ၁၉ ရောဂါပိုး ထပ်မံ တွေ့ရှိကြောင်းသိရ သည်။
အဆိုပါကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ(၄၄)ဦးတို့သည် အမှတ်(၁)ရပ်ကွက်မှ (၁)ဦး၊အ မှတ်(၂)ရပ် ကွက်မှ (၁)ဦး၊အမှတ်(၇)ရပ်ကွက်(၁)ဦး၊ပဲချက်ကျေးရွာမှ (၃၄)ဦး၊စိန်ပန်းကျင်း ကျေးရွာမှ (၁) ဦး၊ထနောင်းပင်လဲကျေးရွာမှ (၁)ဦး၊ရွာကြီးကျေးရွာမှ (၅)ဦး တို့နေမကောင်း ပြီးအ နံ့ပျောက် နေ သဖြင့် နွားထိုးကြီးမြို့နယ် ၊ပြည်သူ့ ဆေးရုံတွင် (RDT )ဖြင့် စစ်ဆေးရာကိုဗစ် - ၁၉ ရောဂါ ပိုးတွေ့ ရှိသဖြင့်နွားထိုးကြီးမြို့၊ ပြည်သူ့ဆေးရုံ အ ထူးကုသဆောင် မြို့နယ်အားကစားခန်းမ၊ မိခင် ကလေး၊ မြိုမ- အထက၊ မြို့ရှေ့-အမက၊ရွာကြီး အထက နေအိမ် တွင်း သီးသန့် ထားရှိ၍ ဆေးဝါး ကုသပေး လျက်ရှိကြောင်း သိရ သည်။ နွားထိုးကြီး မြို့ ပြည်သူ့ဆေး ရုံ တွင် ရောဂါပျောက်ကင်း သဖြင့် ဆေးရုံ မှဆင်းခွင့်ရသူ (၂၁၅၄) ဦး၊ဆေးရုံတက် ကုသသူ (၂၆၄၄)ဦး၊ သေဆုံးသူ(၄၆)ဦး၊ လက်ရှိဆေး ကုသမှု ခံယူသူ (၄၀၀)ဦးရှိကြောင်း သိရသည်။
သန်းအောင်ဇော်