ပုလောမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု လျော့နည်းစေရေးအတွက် လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလိုက်လံ အသိပေး နှိုးဆော်

 

ပုလော  စက်တင်ဘာ  ၁၆

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၌  ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်း စေရေး အတွက် ပြည်သူများ လိုက်နာကြရန် မြို့နယ် ကိုဗစ်−၁၉ ထိန်းချုပ်ရေး ကော်မတီနှင့် ပြန်ကြားရေး နှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဘေးအန္တရာယ် ဆိုင်ရာ စီမံခန့်ခွဲမှု ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့ ညနေ ၃ နာရီက  လူစည်ကားရာနေရာများဖြစ်သည့် စျေးများ၊ ရပ်ကွက်များ အတွင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေး အသိပေးနှိုးဆော်ချက်များအား  လှည့်လည်အသိပေး နိုးဆော် ကြေညာခဲ့ ကြောင်း သိရသည်။

ထိုသို့ အသိပညာပေး နိုးဆော် ဆောင်ရွက်ရာတွင် စက်တင်ဘာလ ၁၆ ရက်နေ့မှ စတင်၍ ကိုဗစ် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၅၅) နှစ်မှ (၆၄) နှစ်အထိ၊ မသန်စွမ်းသူများ၊ ရွေ့ပြောင်း အုပ်စုများနှင့် ယာယီစခန်းများ(ရပ်ကွက်အတွင်း အိမ်ထောင်စု မရှိဘဲ လာရောက် နေထိုင်သူ)၊နာတာရှည် နှင့် မကူးစက်နိုင်သော ရောဂါ ရှိသူများ(မည်သူမဆို)၊ EAO များ ကို ဆက်လက် ထိုးနှံပေးသွားမည်ဖြစ်ရာ လာရောက် ထိုးနှံကြရန် ၊ကိုဗစ်−၁၉ ရောဂါသည် လျှင်မြန်စွာကူးစက် ပျံ့ပွားမှု ဖြစ်နေသဖြင့် မိဘ ပြည်သူများ အနေဖြင့် အတတ်နိုင်ဆုံး မိမိအိမ်တွင် နေထိုင်သွားရန်၊ အပြင်သွားရာတွင် နှာခေါင်း စည်း မဖြစ်မနေ တပ်ဆင်ကြရန်၊ လူစု လူဝေး ရှောင်ရှားရန်နှင့် လက်ကို ဆပ်ပြာ နှင့် မကြာခဏ ဆေး ကြောရန်၊ လက်ကို ဆေးကြောခြင်း မပြုဘဲ ပါးစပ်၊ နှာခေါင်းနှင့် မျက်လုံးတို့ကို ပွတ်သပ်ခြင်း၊ ကိုင်တွယ် ခြင်း နီးစပ်ရာနှင့် ထိတွေ့ခြင်း မပြုလုပ်ကြရန်၊ မိမိတို့၌ ရောဂါပိုး ကူးစက်ခံ နေရသည် ဟု သံသယရှိပါက  ကျန်းမာရေး ဌာနများသို့ ဆက်သွယ်၍ မပျက်မကွက် စစ်ဆေး ကုသမှု ခံယူ ကြရန်၊ ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ပြန် ထားသော ညွှန်ကြားချက်များကို တိကျစွာ လိုက်နာ ရန် အသံချဲ့စက်များဖြင့် အသိပညာပေး နှိုးဆော်ခဲ့ကြောင်း သိရသည်။

အေးအေးမော် (ပုလော)