ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ကာကွယ်ဆေးမထိုးရသေးသည့် ပြည်သူများအား ဒုတိယအသုတ် ပထမအကြိမ် ဆက်လက် ထိုးနှံပေး

ပေါင်    စက်တင်ဘာ ၁၈

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ပြည်သူ များအား ကာကွယ် ဆေး ဒုတိယအသုတ် ပထမအကြိမ်ကို ယမန်နေ့နံနက် ၉ နာရီက ဆေးထိုးစုရပ် (၁၀) နေရာ၌ ဆက်လက်ထိုးနှံ ပေးလျက်ရှိကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ဆေးထိုးစုရပ် (၁၀)နေရာတွင် ကိုဗစ်-၁၉ရောဂါကာကွယ်ဆေး မထိုးရသေးသည့် ဆရာတော် သံဃာ တော်များ၊ အသက် (၅၅)နှစ်နှင့် အထက် အဘိုး/အဘွားများ၊ နိုင်ငံ့ဝန်ထမ်းများ၊ ပုဂ္ဂလိက ကျန်းမာရေးဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ၊ ပရဟိတလူမှုကူညီရေးအသင်းအဖွဲ့များနှင့် ပြည်သူ များအား ဆေးထိုးစုရပ်တစ်နေရာလျှင် နေ့စဉ် (၃၅၀)ဦးဖြင့် ဒုတိယအသုတ် ပထမအကြိမ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး ထိုးနှံပေးမည်ဖြစ်ပြီး စက်တင်ဘာလ ၁၄ ရက်နေ့မှစ၍ စက်တင်ဘာလ ၂၆ ရက်နေ့အထိ ဆေးထိုးစုရပ် (၁၀) နေရာ၌ ထိုးနှံပေး သွားမည်ဖြစ်ကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးနှံရာတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ထိုးနှံပေးပြီး ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူတို့က ကြီးကြပ်၍ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် လူမှုရေးအသင်းအဖွဲ့များက ပူးပေါင်းကူညီဆောင်ရွက်ပေးလျက်ရှိ ကြောင်း သတင်းရရှိသည်။