ရွှေဘို စက်တင်ဘာ ၁၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် အမျိုးသမီးများ စွမ်းဆောင်ရည်မြင့်မားရေး အိမ်တွင်းမှု သက်မွေးသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီက ရွှေဘိုမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရှိ ရှင်ယွန်းစံခန်းမတွင် ကျင်းပသည်။
ရှေးဦးစွာ ရွှေဘိုခရိုင်စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးတင်မောင်ဆွေ ကအဖွင့်အမှာစကား ပြောကြားခဲ့ပြီး မြို့နယ်စိုက်ပျိုးရေး ဦးစီးမှူး ဒေါ်ဇာဇာမင်းက သင်တန်းဖွင့်လှစ်ရခြင်းနှင့် ပတ်သက်၍ ရှင်းလင်းပြောကြားခဲ့သည်။ ထိုသင်တန်းကို ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်တွင် (၃၀၀) ဖြင့် ဆောင်ရွက်သော ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း ကျေးရွာ(၁၀)ရွာ အနက် (၁)ရွာဖြစ်သော ရွာသာ ကျေးရွာ ကျေးရွာသစ်လှုပ်ရှားမှုစီမံကိန်း၏ ကဏ္ဍ(၃)ရပ်ဖြစ်သော လူနေမှုပတ်ဝန်းကျင် ဖွံ့ဖြိုးတိုးတက်ရေးဏဏ္ဍ၊ ဝင်ငွေ တိုးပွားရေးကဏ္ဍ၊ စွမ်းဆောင်ရည်မြင့်မားရေးကဏ္ဍထဲမှ စွမ်းဆောင်ရည်မြင့်မားရေးကဏ္ဍအဖြစ် အိမ်တွင်းမှုသင်တန်း ဖွင့်လှစ်ခြင်းဖြစ်သည်။
အဆိုပါသင်တန်းတွင် အမျိုးသမီးခေါင်းစည်းဖဲပြားကလစ်၊ သိုးမွှေးခေါင်းစည်းကွင်း၊ အမျိုးသမီး ဆံထုံး bow ကလစ်၊ စားပွဲတင် သိုးမွှေးခင်းနှင့် အမျိုးသမီးအလှပြင်သုံးပစ္စည်း အမျိုးမျိုးစသည်တို့ကို ရွာသာကျေးရွာသစ် လှုပ်ရှားမှုစီမံကိန်းကျေးရွာမှ အမျိုးသမီး(၁၀)ဦးအား (၅) ရက် သင်တန်း ပို့ချသွားမည်ဖြစ်သည်။
ခရိုင်ပြန်/ဆက်