ငဖဲ စက်တင်ဘာ ၁၉
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာအုပ်စု (၃၃)အုပ်စုမှ အသက် (၈၅)နှစ်အထက်သက်ကြီးဘိုးဘွား (၃၂၈)ဦးအား လူမှုရေးပင်စင်ထောက်ပံ့ငွေများကို ယနေ့နံနက်ပိုင်းက ရပ်ကွက် / ကျေးရွာများ၌ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်လျက် ရှိကြောင်း သိရသည်။
ထိုသို့ပေးအပ်ခြင်းကို လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀ -၂၀၂၁ ဘဏ္ဍာရေးနှစ် တတိယသုံးလပတ် (ဧပြီ၊ မေ၊ ဇွန်) လ အတွက် သက်ကြီးဘိုးဘွားတစ်ဦးလျှင်ထောက်ပံ့ငွေ (၃၀၀၀၀) ကျပ် ထောက်ပံ့ပေးခြင်းဖြစ်ပြီး အဆိုပါ ထောက်ပံ့ငွေများကို ငဖဲမြို့နယ်အတွင်းရှိ ရပ်ကွက် / ကျေးရွာ (၃၃)အုပ်စုမှ အသက် (၈၅) နှစ်အထက်သက်ကြီးဘိုးဘွား (၃၂၈)ဦး၏ နေအိမ်များသို့သွားရောက်၍ ရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များ၊ လူမှုရေးအဖွဲ့များနှင့် တာဝန်ရှိသူများက လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြရာ စုစုပေါင်းထောက်ပံ့ငွေကျပ် (၉၈၄၀၀၀၀) ရှိကြောင်း သိရသည်။
မယု (ငဖဲ)