ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ကျေးရွာများရှိ ပြည်သူများအား ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ အခမဲ့ စစ်ဆေးဆောင်ရွက်

မောင်‌တော စက်တင်ဘာ  ၁၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ် တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  သရက်အုပ် ကျေး ရွာနှင့် သူဦးလာ ကျေးရွာရှိ ပြည်သူများအား ယမန် ရက်နေ့ နံနက် ၉ နာရီ အချိန်က  အဆိုပါ ကျေးရွာ များရှိ သတ်မှတ်စုရပ် နေရာများတွင်  ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ Rapid Diagn ostic Test (RDT) ဖြင့် အခမဲ့ ကွင်းဆင်း စစ်ဆေး ဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကံထွန်းအောင် ဦးဆောင် လမ်းညွန်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက်  မြို့နယ် ကျန်းမာရေးဝန်ထမ်းများ၊ မြို့နယ် ကြက်ခြေနီ တပ်ဖွဲ့ဝင်များက သရက်အုပ် ကျေးရွာရှိ ပြည်သူများထဲမှ မိမိသဘော ဆန္ဒအရ လာရောက် စစ်ဆေးခံသူ(၆၆)ဦး နှင့် သူဦးလာကျေးရွာရှိ ပြည်သူများ အထဲမှ မိမိသဘော ဆန္ဒအ လာရောက် စစ်ဆေးသူ (၁၅)ဦး စုစုပေါင်း (၈၁) ဦးအား ကိုဗစ်-၁၉ ပိုး ရှိ၊ မရှိ Rapid Diagn ostic Test (RDT) ဖြင့် စစ်ဆေးခဲ့ရာ  ၎င်းတို့မှာ ကိုဗစ်-၁၉ ရောဂါပိုး မတွေ့ရှိခဲ့ကြောင်း မြို့နယ် ပြည်သူ့ ကျန်းမာရေး ဦးစီးဌာမှ သိရသည်။  

အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးစစ်ပေးနေရာများတွင် ဌာနဆိုင်ရာများ၊ ကြက်ခြေနီ တပ်ဖွဲ့ဝင်များနှင့်  ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးများက လိုအပ်သည် များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေး ခဲ့ကြကြောင်း သိရသည်။

သက်လွင်စိုး