ကော့မှူးတွင် အခြေခံစားသောက်ကုန်များ ဈေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ကော့မှူး စက်တင်ဘာ  ၂၃

ရန်ကုန်တောင်ပိုင်းခရိုင်၊ ကော့မှူးမြို့နယ်တွင် မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၏ စီစဉ်မှုဖြင့် စားသုံးသူပြည်သူများ အခြေခံစားသောက်ကုန်များအား ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေး အတွက် ယမန်နေ့နံနက်ပိုင်းတွင် မြို့သစ်ရပ်ကွက်၌ လာရောက်‌ ရောင်းချပေးနေကြောင်း သိရသည်။

ထိုသို့ဈေးကားဖြင့် လာရောက်ရောင်းချသော အသင်းများနှင့် ဈေးဝယ်နေပြည်သူများ ယာဉ်အန္တရာယ် လမ်းအန္တရာယ်ကင်းရှင်းရေးနှင့် ကိုဗစ်-၁၉ ညွှန်ကြားချက်များနှင့်အညီ ဝယ်ယူနိုင်ရေးအတွက် မြို့နယ် စည်ပင်သာယာရေးအဖွဲ့မှ အမှုဆောင်အရာရှိ ဦးမိုးကျော်နှင့် ဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများက ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြကြောင်း သိရသည်။

အဆိုပါ ဈေးကားတွင် ဒေသခံပြည်သူများ ဈေးနှုန်းသက်သာစွာ ဝယ်ယူနိုင်ရေးအတွက် ဧည့်မထဆန် တစ်ပြည်လျှင် ငွေကျပ် ၁၀၀၀နှုန်းဖြင့် ဆန်ငါးပြည်တစ်အိတ်ကို ငွေကျပ် ၅၀၀၀ဖြင့်လည်းကောင်း၊ ပေါ်ဆန်း တစ်ပြည်လျှင် ငွေကျပ် ၁၇၀၀နှုန်းဖြင့် ငါးပြည်တစ်အိတ်ကိုငွေကျပ်  ၈၅၀၀ဖြင့်လည်းကောင်း၊ ဆီငါး ဆယ်သားတစ်ဘူးကိုငွေကျပ် ၁၈၅၀ကျပ်ဖြင့်လည်းကောင်း၊ ကြက်ဥဆယ်လုံးတစ်ကတ်ကို ၁၁၀၀ ကျပ်နှုန်းတို့ဖြင့် ဈေးနှုန်းချိုသာစွာ လာရောက် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ကျော်သူရ