ကော့သောင်းခရိုင် ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိ ပညာပေးနှိုးဆော် ဆောင်ရွက်

ခမောက်ကြီး စက်တင်ဘာ ၂၂


တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ခမောက်ကြီးမြို့တွင် ကိုဗစ်-၁၉ ကြိုတင် ကာကွယ်ရေး အသိပညာပေးနှိုးဆော်ခြင်းကို ယမန်နေ့ ညနေပိုင်းက ခမောက်ကြီးမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက မြို့ပေါ်ရပ်ကွက်ရှိ လမ်းဆုံလမ်းခွတို့တွင် အသံချဲ့စက်ဖြင့် လှည့်လည် အသိပညာပေး နှိုးဆော်ခဲ့သည်။


ထိုသို့ အသိပညာပေးနှိုးဆော်ဆောင်ရွက်ရာ၌ မိဘပြည်သူများအနေဖြင့် အတတ်နိုင်ဆုံး မဖြစ်မနေ အိမ်တွင်း၌သာ နေထိုင်ကြရန်၊ သို့မှသာရောဂါ ကွင်းဆက်ပြတ်တောက်ပြီး ကူးဆက်မှုကို ထိထိရောက် ရောက်ကာကွယ်နိုင်မှာဖြစ်ပါကြောင်း၊ မိမိတို့နေအိမ်တွင် လည်း ပြင်ပမှလာသော ဧည့်သည်များအား လက်မခံကြရန်နှင့်မိမိတို့ကလည်း အခြား သူများထံ သွားလာခြင်းမှ ရှောင်ကြဉ်ကြရန်၊ မဖြစ်မနေအိမ်အပြင် ထွက်ရပါက ပါးစပ်နှင့် နှာခေါင်း စည်း Mask များစနစ်တကျ တပ်ဆင်ကြရန်၊ လက်ကို စက္ကန့် ၂၀ ကြာအောင် မကြာခဏ ဆေးကြောပါ၊ လူစုလူဝေးရှောင်ကြဥ်ကြရန်နှင့် ကိုဗစ်- ၁၉ ရောဂါ ကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် အသိပညာပေးလုပ်ငန်းများကိုပြည်သူများအားလုံး ပူးပေါင်း ဆောင်ရွက် ကြပါရန် နှိုးဆော်ခဲ့ ကြောင်းသိရသည်။


ရူပါမြင့်