ရွှေပြည်သာ စက်တင်ဘာ ၂၃
နိုင်ငံတော်မှ သက်ကြီးဘိုးဘွားများ သက်ရှည်ကျန်းမာစွာ နေထိုင်နိုင်ရေးအတွက် ရည်ရွယ်ပြီး လူမှုရေး ပင်စင် ထောက်ပံ့ငွေများကို (၃)လတစ်ကြိမ် ထောက်ပံ့ပေးလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ ရွှေပြည်သာမြို့နယ်တွင် မြို့နယ်အတွင်းရှိ အသက်(၈၅)နှစ် နှင့်အထက် ဘိုးဘွား (၉၅၄) ဦး၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ် တတိယ(၃)လပတ် လူမှုရေးပင်စင် ထောက်ပံ့ငွေများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ဦး၏ လမ်းညွှန်မှုဖြင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ဝင်များက ဘိုးဘွားများ လက်ဝယ်အရောက် အိမ်တိုင်ရာရောက် သွားရောက်ထောက်ပံ့ ပေးအပ်ခြင်းများကို ဆက်လက် ဆောင်ရွက်လျက်ရှိသည်။
ထိုသို့ ထောက်ပံ့ဆောင်ရွက်ရာတွင် စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များက ရွှေပြည်သာမြို့နယ် အတွင်းရှိ လူမှုရေးပင်စင်ခံစားနေရသော အသက်(၈၅)နှစ်နှင့် အထက် ဘိုးဘွား စုစုပေါင်း (၉၅၄) ဦးအတွက် တစ်ဦးလျှင် ငွေ(ကျပ်သုံးသောင်း) နှုန်းဖြင့် စုစုပေါင်း ထောက်ပံ့ငွေ (ကျပ်နှစ်ရာရှစ်ဆယ့် ခြောက်သိန်းနှစ်သောင်း တိတိ)ကို ရပ်ကွက်၊ ကျေးရွာများအလိုက် ဘိုးဘွားများထံသို့ အိမ်တိုင်ရာရောက် ဆက်လက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။
အေးမိုး