သန်လျင် စက်တင်ဘာ ၂၃
ရန်ကုန်တောင်ပိုင်းခရိုင်၊ သန်လျင်မြို့နယ် အမှတ်(၁) ရေနံချက်စက်ရုံမှ (အငြိမ်းစား) မိဘပြည်သူများ၏ ပင်စင်လစာများကို ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ကာလအတွင်း ကျန်းမာရေး စည်းကမ်းချက်များနှင့်အညီ ယနေ့နံနက် ၈ နာရီတွင် ထုတ်ပေးသွားမည်ဖြစ်ကြောင်း အဆိုပါစက်ရုံ ပင်စင်ဌာနစိတ်မှ သိရသည်။
သန်လျင်မြို့နယ် အမှတ် (၁) ရေနံချက်စက်ရုံတွင် ပင်စင်အမျိုးအစားအားလုံး လာရောက်ထုတ်ယူ ပေးကြပါရန်နှင့် ပင်စင်လစာများအား အမှတ် (၁) ရေနံချက်စက်ရုံ ရုံးကြီးရှိ ပင်စင်ဌာနစိတ်တွင် ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပင်စင်လစာ လာရောက်ထုတ်ယူကြမည့် မိဘပြည်သူများအနေဖြင့် ပင်စင်လာရောက် ထုတ်ယူသည့်အခါ ကိုဗစ်- (၁၉) ရောဂါ ကြိုတင်ကာကွယ်ရေးအတွက် ပါးစပ်/နှာခေါင်းစည်း (Mask) များ တပ်ဆင်လာကြရန်၊ ပင်စင်ထုတ်ယူမည့်သူ တစ်ဦးသာ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေး အခက်အခဲကြောင့် မဖြစ်မနေ လာရောက်ထုတ်ယူပါက နှစ်ဦးထက်မပို ပါးစပ်နှာခေါင်းစည်း (Mask) တပ်ဆင်ပြီးမှ လာရောက်ထုတ်ယူကြရန်၊ ကျန်းမာရေးအတွက် ကလေးငယ်များအား (လုံးဝ) မခေါ်လာရန် သက်ဆိုင်ရာမှ အသိပေးထားရှိကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်