ပဲခူးမြို့ ကိုဗစ်-၁၉ ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာများအား ဆေးဝါးကုသပေး

 

ပဲခူး ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးမြို့တွင် ယမန်နေ့ ညနေပိုင်းအထိ ကိုဗစ်-၁၉ရောဂါ စစ်ဆေး တွေ့ရှိသည့် အတည်ပြုလူနာ (၃၀၁) ဦးရှိလာပြီဖြစ်ကြောင်းနှင့် ပိုးတွေ့လူနာများကို ရောဂါအခံ ရှိသော လူနာများအား ပဲခူးမြို့အထွေထွေ ပြည်သူ့ ဆေးရုံကြီးတွင် ကုသစေပြီး ရောဂါအခံမရှိသူများကို သက်ဆိုင်ရာ Quarantine Center များတွင် ကုသကြောင်း သိရ သည်။

ပဲခူးမြို့နယ်၌  ဇူလိုင်လ(၄) ရက်နေ့တွင် ကိုဗစ်-၁၉ရောဂါ ပိုးစစ်ဆေးတွေ့ရှိ အတည်ပြုလူနာ (၁၆) ဦးရှိကာ အဆိုပါ ပိုးတွေ့လူနာများသည် ပဲခူးမြို့အထွေထွေ ဆေးရုံကြီးမှ (၅)ဦး၊ ဇောင်းတူ တိုက်နယ်ဆေးရုံမှ (၁)ဦး၊ ကျောက်တန်း အထက်တန်းကျောင်းမှ (၁၀)ဦး၊ ဖြစ်ပြီး စုစုပေါင်းပိုးတွေ့လူနာ (၃၀၁)ဦး ရှိရာ ကျား(၂)ဦး၊ မ(၃)ဦး၊ သေဆုံးကြောင်း သိရသည်။

အဆိုပါ ပိုးတွေ့အတည်ပြုလူနာများနှင ထိစပ်မှု့ရှိခဲ့သူများကို အသောက Quarantine Centerမှာ (၂၀၁)ဦး ၊ Amara Gold Quarantine Centerမှာ (၃၄) ဦး၊ ထုံးကြီး အ.ထ.က Quarantine Center မှာ (၁၀၆) ဦး၊ ဇောင်းတူ ဓမ္မာရုံ Quarantine Center မှာ (၂၀)ဦး၊ ကျောက်တန်း အ.ထ.က Quarantine Center မှာ (၇၇) ဦး၊ စုစုပေါင်း(၄၉၂) ဦးကို သီးသန့်ထားရှိရာ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကျန်းမာရေးစစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း မြို့နယ် ကျန်းမာရေးဦးစီးဌာနမှ သိရသည်။

မျိုးငြိမ်း