ကွမ်းလုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရေး Mask Campaing ပြုလုပ်

ကွမ်းလုံ   ဇူလိုင်    ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ ကွမ်းလုံမြို့နယ်တွင် မြို့နယ် ကိုဗစ်-၁၉ ကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ကိုဗစ်-၁၉ ရောဂါ ကူးစက် ပြန့်ပွားမှုမရှိစေရေး Mask Campaing ပြုလုပ်ခြင်းကို ယနေ့နံနက် ၉ နာရီက ဝန်ထမ်းရပ်ကွက်၊ ကျောက်တိုင်ကွေ့လမ်းဆုံ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများ ကျန်းမာရေး အထောက်အကူ ဖြစ်စေရန်ရည်ရွယ်၍ နှာခေါင်းစည်း Mask မတပ်ဘဲ အပြင်ထွက်သွားလာသူများအား နှာခေါင်းစည်း Mask များကို ဖြန့်ဝေပေးကာ ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အသိပညာပေးခြင်းများကို ပြုလုပ်ခဲ့ကြသည်။

မြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား  နှာခေါင်းစည်း Mask များ ဖြန့်ဝေပေးခြင်း         Mask Campaing   ပြုလုပ်ခြင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းစိုး၊ မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် တပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ ပူးပေါင်းကာ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)