ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့်လုပ်ငန်းကော်မတီအစည်းအဝေးကျင်းပ

ကော့မှူး ဇူလိုင် ၅

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်တွင် ကိုဗစ်-၁၉ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး မြို့နယ်အဆင့် လုပ်ငန်းကော်မတီအစည်းအဝေးအမှတ်စဉ်(၄/၂၀၂၁)ကို ယနေ့နံနက်၁၀နာရီက မြို့သစ်ရပ်ကွက် မြို့နယ်အထွေ ထွေအုပ်ချုပ်ရေးဦးစီးဌာန(ယာယီ)ရုံးခန်းမ၌ကျင်းပခဲ့ကြောင်းသိရသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဌ ဦးကျော်ဒေဝက မြို့နယ်အတွင်းကိုဗစ်-၁၉ပိုးတွေ့လူနာများ ရှိလာပြီးဖြစ်သဖြင့် ဌာနဆိုင်ရာရုံးများတွင် လက်ဆေးဘေစင်များထားခြင်း၊ Maskတပ်ဆင်လာမှသာ ရုံးအတွင်း ဝင်ရောက်စေခြင်း၊ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ နေထိုင်ပြုမှုစေရေးဆောင်ရွက်သွားစေလိုပါကြောင်း၊ မြို့မဈေးကြီးအတွင်း ဈေးရောင်းဈေးဝယ်များအနေဖြင့် ဈေးသို့လာရောက်ပါက Maskတပ်ဆင်လာမှသာ ဈေးအတွင်းဝင် ရောက်စေရေးနှင့် ဈေးအဝင်အဝတွင် Mask တပ်ရန်၊ လက်ဆေးရန်တို့ကို Hand Speaker များဖြင့် အသိပညာပေး‌ ကြေညာဆောင်ရွက်ရန်၊ စားသောက်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ ရောင်းချရေး ကြပ်မတ်ဆောင်ရွက်ကြရန်၊ စာသင်ကျောင်းများတွင် ကျောင်းသားကျောင်းသူများ ကိုဗစ်-၁၉ကူးစက်မှုမရှိစေရေးအတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ စည်းမျဉ်း စည်းကမ်းချက်များနှင့်အညီ ပညာရေးဌာနမှ ကြီးကြပ်ဆောင်ရွက်သွားစေလိုပါကြောင်း  စေတနာဝန် ထမ်းများ၊ ပရဟိတအသင်းအဖွဲ့များ သက်ဆိုင်ရာဌာနဆိုင်ရာများ ပူးပေါင်းဆောင်ရန်၊   လူစည်ကားရာ နေရာများတွင် ကိုဗစ်-၁၉ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကို အားလုံး ပူးပေါင်းဆောင်ရွက်သွားကြရန် ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဗိုလ်မှူးထွန်းဇော်မင်းနှင့် ဦးဝင်းမြင့်တို့က ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းစဉ်များနှင့် ပတ်သက်၍ တင်ပြဆွေးနွေးခဲ့ကြကြောင်းသိရသည်။

ကျော်သူရ