သတင်းများ

လိပ်သိုမြို့၌ နှာခေါင်းစည်း Mask  တပ်ဆင်သွားလာရေး အရှိန်အဟုန်မြှင့်ဆောင်ရွက်
Jul 12,2021
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင်  ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည် Mask  မဖြစ်မနေ တပ်ဆင်သွားလာရေး  အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က  တောင်ငူ-လိပ်သို ကားလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
တံတားဦးမြို့နယ်တွင်မိုးနှောင်းချည်မျှင်ဝါ အထူးဇုံဧက(၁၀၀)အတွက် မျိုးစေ့နှင့် လူးနယ်ဆေးများ ထောက်ပံ့ပေးအပ်
Jul 12,2021
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးနှောင်းချည်မျှင်ဝါ အထူးဇုံ ဧက(၁၀၀)အတွက် ဝါမျိုးစေ့နှင့် လူးနယ်ဆေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ‌ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း
Jul 12,2021
ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအစီအစဉ်ဖြင့် သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်စ္စည်းများကို ယမန်နေ့၊ ညနေပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။
မြောက်ဥက္ကလာပမြို့နယ်ရှိ ဌာနဆိုင်ရာများ၊ ဈေးများ၊ ရပ်ကွက်များသို့ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေး ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းများဆောင်ရွက်
Jul 12,2021
ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ပိုင်းခရိုင်၊ မြောက်ဥက္ကလာပမြို့နယ်၊ ရွှေပေါက်ကံမြို့သစ် အုပ်ချုပ် ရေးမှူးရုံးအဖွဲ့မှ ယမန်နေ့ နံနက်ပိုင်းကစ၍ ကိုဗစ်-၁၉ ရောဂါ ပြန့်ပွားမှုမရှိစေရေးနှင့် ကြိုတင် ကာကွယ်ရေးအတွက် ဆေးဖျန်းစက်ဖြင့် ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းကို ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ပြည်သူများ သိရှိလိုက်နာစေရန် အသိပေးကြေညာချက်များ ထုတ်ပြန်
Jul 12,2021
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ပြည်သူများသိရှိ လိုက်နာရမည့် အချက်များကို ယမန်နေ့ ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမများတွင် လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
ချောင်းသာမြို့၌ ကိုဗစ်-၁၉ ပိုးတွေ့လူနာများအတွက် အလှူရှင်များက လာရောက် လှူဒါန်း
Jul 12,2021
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ချောင်းသာမြို့ရှိ တိုက်နယ်ပြည်သူ့ဆေးရုံနှင့် ရွာမဘုန်းတော်ကြီး ကျောင်းတိုက် ဓမ္မာရုံတို့တွင် ဆေးကုသမှုခံယူနေသော ပိုးတွေ့အတည်ပြု လူနာများအတွက် ယမန်နေ့ နံနက်ပိုင်းက အလှူရှင်များက လာရောက် လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ ကာကွယ်ရေး နည်းလမ်းများ လိုက်လံ အသိပေးနှိုးဆော်
Jul 12,2021
ဧရာ၀တီတိုင်းဒေသကြီး ကန်ကြီးထောင့်မြို့နယ်တွင် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီက မျိုးဗီဇပြောင်း ကိုဗစ်-၁၉ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် လိုက်နာဆောင်ရွတ်ရမည့် ကာကွယ်ရေး နည်းလမ်းများကို အများပြည်သူသိရှိနိုင်ရန် လိုက်လံအသိပေး နှိုးဆော်ခြင်းကို ယမန်နေ့ည ၇ နာရီအချိန်က မြို့ပေါ်ရပ်ကွက်များ၌ ဆောင်ရွက်ခဲ့သည်။
ကျိုင်းတုံမြို့၌ ကိုဗစ်-၁၉ ရောဂါပိုးရှိသူ အမျိုးသမီးတစ်ဦး  ထပ်မံတွေ့ရှိ
Jul 12,2021
 ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ အမျိုးသမီးတစ်ဦး (ခရီးသွား ရာဇဝင်မရှိ) တွင် ယမန်နေ့က ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။