ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်ပစ္စည်းများ လှူဒါန်း

လားရှိုး ဇူလိုင် ၁၂

ခရိုင်နှင့်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးကော်မတီအစီအစဉ်ဖြင့် သီလရှင်ကျောင်းတိုက်သို့ ဆန်၊ ဆီနှင့် လှူဖွယ်စ္စည်းများကို ယမန်နေ့၊ ညနေပိုင်းက သွားရောက် လှူဒါန်းခဲ့ကြောင်း သိရသည်။

ခရိုင်နှင့် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးအဖွဲ့မှ ကိုဗစ်ကာလအတွင်း သီလရှင်များ ဆွမ်းကိစ္စအဆင်ပြေစေရန် ရည်ရွယ်၍ သာသနာ့အလင်းရောင် သီလရှင်ကျောင်းတိုက်သို့ သွားရောက်ကာ ဆန်(၃)အိတ်၊ ဆီ(၇)ပုံး၊ ကုလားပဲ(၁၀)ပိဿာ၊ အားလူး(၁)အိတ်၊ ကြက်သွန်နီ (၁)အိတ်၊ ကြက်ဥ ၊ ဆပ်ပြာမုန့်(၁)အိတ်နှင့် ဟင်းသီးဟင်းရွက်များ စုစုပေါင်းတန်ဖိုး ငါးသိန်းကျော် လှူဒါန်းခဲ့ကြကြောင်းနှင့် အဆိုပါ သီလရှင်ကျောင်းတိုက်တွင် သီလရှင်(၁၁၅)ပါးရှိကြောင်း သိရသည်။

ဥမ္မာချို