တံတားဦး ဇူလိုင် ၁၂
ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၀-၂၀၂၁ ခုနှစ် မိုးနှောင်းချည်မျှင်ဝါ အထူးဇုံ ဧက(၁၀၀)အတွက် ဝါမျိုးစေ့နှင့် လူးနယ်ဆေးကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
အဆိုပါ မျိုးစေ့ထောက်ပံ့ပေးအပ်ပွဲတွင် ကျောက်ဆည်ခရိုင် စိုက်ပျိုးရေးဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးစိုးနိုင်က အမှာစကားပြောကြားပြီး၊ တံတားဦးမြို့နယ်စိုက်က်ပျိုးရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးကျော်ကျော်ညွန့်က တောင်သူများအား ဝါမျိုးစေ့များကို ပင်ခြားတန်းခြားစနစ်ဖြင့် စိုက်ပျိုးရေး၊ စိုက်ပျိုးနည်းစနစ်မှန်ကန်ရေး၊ ပိုးမွှားအန္တရာယ်ကင်းရှင်းရေး၊ အပင်ငယ်စဉ် စုပ်စားပိုးကာကွယ်ရန် အတွက် မျိုးစေ့လူးနယ်ဆေးသုံးပြီး စိုက်ပျိုးရေး၊ ဝါအထွက်ကောင်းစေရေးတို့ကို အကျယ်တဝင့် ရှင်းလင်း ပြောကြားသည်။
၂၀၂၀-၂၀၂၁ခုနှစ် မိုးနှောင်းချည်မျှင်ဝါ အထူးဇုံဧက(၁၀၀)အား ရွှေတောင်(၈)ဝါမျိုး စိုက်ပျိုးရန် ဧက(၄၀)နှင့် ရွှေတောင်(၁၀)ဝါမျိုး စိုက်ပျိုးရန်ဧက(၆၀)ကို တံတားဦးမြို့နယ် မြိုင်သာကျေးရွာမှ တောင်သူ (၃၈)ဦးဖြင့် စိုက်ပျိုးမည် ဖြစ်ကြောင်း၊ မြို့နယ်စိုက်ပျိုးရေး ဦးစီးဌာနမှ တောင်သူများကို တစ်ဧကလျှင် ဝါမျိုးစေ့(၃)ပိဿာနှင့် မျိုးစေ့လူးနယ်ဆေးတစ်ထုပ်တို့ကို ခရိုင်ဦးစီးမှူးနှင့် မြို့နယ် ဦးစီးမှူးတို့က ထောက်ပံ့ပေးအပ်ကြောင်း သိရသည်။
ရဲတင့်(တံတားဦး)