ကျိုင်းတုံ ဇူလိုင် ၁၂
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ အမျိုးသမီးတစ်ဦး (ခရီးသွား ရာဇဝင်မရှိ) တွင် ယမန်နေ့က ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်းသိရသည်။
ကျိုင်းတုံမြို့၊ အမှတ် (၃) ရပ်ကွက်နေ အမျိုးသမီးတစ်ဦးနှင့် ခင်ပွန်းဖြစ်သူတို့သည် ဇူလိုင် ၁ ရက်က နေမကောင်းသဖြင့် ဆေးကုသမှုခံယူခဲ့ရာ အမျိုးသမီး(ခရီးသွားရာဇဝင်မရှိ) တွင် ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိခဲ့၍ ကျိုင်းတုံပြည်သူ့ဆေးရုံကြီးတွင် ဆေးကုသမှုခံယူလျက်ရှိကြောင်းသိ ရသည်။
အဆိုပါ ကိုဗစ်- ၁၉ ရောဂါပိုး တွေ့ရှိခဲ့သူနှင့် ထိတွေ့ခဲ့သည့် အမျိုးသား ၂၄ ဦး၊ အမျိုးသမီး ၂၉ ဦး စုစုပေါင်း ၅၃ ဦးအား ယမန်နေ့ နံနက်ပိုင်းတွင် ပထမအကြိမ် ကျန်းမာရေးစစ်ဆေး ဆောင်ရွက်သွားဖြစ်ကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်း ဖြစ်ပွားနေသည့်ကာလအတွင်း ကျိုင်းတုံမြို့နယ်တွင် ဇွန် ၂၉ ရက်မှ ယနေ့ထိ စုစုပေါင်း အတည်ပြုလူနာ ၁၂ ဦး ရှိကြောင်းသိရသည်။
အောင်ဇင်မြင့်(ပြန်/ဆက်)