သတင်းများ

ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ(ပိုးတွေ့)လူနာ (၁၀)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုများ ရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရကြောင်း သိရသည်။
မြိုသစ်မြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်းကွင်းသရုပ်ပြ
Jul 13,2021
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုး စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ယင်းနားကုန်းကျေးရွာရှိ စိုက်ကွက်၌ ပြု လုပ်ခဲ့ကြောင်းသိရသည်။
ဟိုပုံးမြို့၌ RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ လေးဦးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက် တွင်နေထိုင်သော အမျိုးသမီးသည် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။
ကြာအင်းဆိပ်ကြီးမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ(ပိုးတွေ့)လူနာ (၁၀)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
အသက်ရှူလမ်းကြောင်းဆိုင်ရာ ကိုဗစ်-၁၉ ကူးစက်မြန် ကမ္ဘာ့ကပ်ရောဂါ ဆက်လက်ဖြစ်ပွားနေမှု အခြေအနေအရ မြန်မာနိုင်ငံတွင်လည်း ကိုဗစ်-၁၉ ကူးစက်ပြန့်ပွားမှုရောဂါ တတိယလှိုင်းအသွင် စတင်ဖြစ်ပွားနေပြီဟု သုံးသပ်ရပြီး မျိုးဗီဇပြောင်းလဲလာသောရောဂါပိုး (ကူးစက်ပိုး)ဝင်ရောက်ပြန့်နှံ့မှုများ ရှိနေကြောင်း ဓာတ်ခွဲစမ်းသပ်အတည်ပြုချက်များအရ သိရကြောင်း သိရသည်။
မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ (၂၄)ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။
ကော့ကရိတ်မြို့၌ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် ပိုးသတ်ဆေးဖျန်းခြင်း လုပ်ငန်းများ ဆောင်ရွက်
Jul 13,2021
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိဘဲ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပုလဲဖြူ လူမှုကယ်ဆယ်ရေး အသင်းတို့ ပူးပေါင်း၍ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဆေးဖျန်းခဲ့ကြောင်း သိရသည်။
ဟိုပန်မြို့နယ်တွင် ကိုဗစ်-၁၉ရောဂါ အတည်ပြုလူနာ(၂)ဦး ထပ်မံတွေ့ရှိ
Jul 13,2021
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်မြို့နယ်၊ ပန်လုံမြို့၊ အမှတ်(၈)ရပ်ကွက်ရှိ လျှပ်စစ် ဝန်ထမ်းအိမ်ရာတွင်နေထိုင်သူ အမျိုးသားတစ်ဦးသည် အနံ့ပျောက်ကြောင်းသိရှိ၍ ဟိုပန်မြို့နယ် ပြည်သူ့ဆေးရုံသို့ လာရောက်ပြီး RDT Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ (Positive) တွေ့ရှိခဲ့သည်။
လဲချားတွင် ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးတွေ့ရှိ
Jul 13,2021
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကို စစ်ဆေးပေးရာတွင် (၁၀-၇-၂၀၂၁)ရက်နေ့တွင် (၉)ဦး၊ (၁၁-၇-၂၀၂၁) နေ့တွင် (၁၄)ဦးနှင့် (၁၂-၇-၂၀၂၁)ရက်နေ့တွင် (၆)ဦး စုစုပေါင်း (၂၉)ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ် -၁၉ ရောဂါပိုး (၁)ဦးတွေ့ရှိခဲ့သည်။