ကျောက်ပန်းတောင်း ဇူလိုင် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ကာကွယ်နိုင်ရေး အတွက် ပြည်သူများသိရှိ လိုက်နာရမည့် အချက်များကို ယမန်နေ့ ညနေ ၆ နာရီက မြို့ပေါ်ရပ်ကွက်များနှင့် လမ်းမများတွင် လှည့်လည် အသိပေး ကြေညာခဲ့ကြောင်း သိရသည်။
အဆိုပါကြေညာချက်တွင် ပြည်သူများအနေဖြင့် အိမ်ပြင်ထွက်ပါက Mask နှင့် Face Shield တွဲဖက်တပ်ဆင်ရန်၊ တစ်ဦးနှင့်တစ်ဦး တတ်နိုင်သမျှခပ်ခွာခွာနေထိုင်၍ အသိပေး/သတိပေးခြင်းများ ဆောင်ရွက်ရန်၊ လူစုလူဝေး ရှောင်ရှားရန် စသည့် အချက်များနှင့် (၉-၇-၂၀၂၁)ရက်နေ့တွင် Mask Campaign ဖြင့် အသိပညာပေးခြင်း လုပ်ငန်းအား ဆောင်ရွက်ထားပြီး၊ အသိပေး ကြေညာချက်ကို (၁၅-၇-၂၀၂၁)ရက်နေ့အထိ (၅)ရက်ကြိုတင် အသိပေး ကြေညာသွားမည် ဖြစ်ကြောင်းနှင့် လိုက်နာရန် ပျက်ကွက်သူများအား (၁၆-၇-၂၀၂၁)ရက်နေ့မှစ၍ အရေးယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ဖက်ရည်ဆိုင်များနှင့် စားသောက်ဆိုင်များ အနေဖြင့် ဆိုင်ထိုင် စားသောက်ခြင်း ခွင့်မပြုဘဲ(Take Away)ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန်၊ နေ့စဉ်မရှိ မဖြစ်အသုံးလိုသော ဆေးဝါးဆိုင်၊ စက်သုံးဆီဆိုင်နှင့် စားသောက်ကုန်ပစ္စည်းဆိုင်များမှအပ၊ အခြားကုန် ပစ္စည်းရောင်းချသည့် ဆိုင်များအား ယာယီပိတ်ထားရန်နှင့် ပြည်သူများအနေဖြင့် ကိုယ်ပူခြင်း၊ ချောင်းဆိုးခြင်း၊ အသက်ရှူကြပ်ခြင်း၊ အားအင်ကုန်ခမ်းခြင်း၊ ရုတ်တရက် အနံ့အရသာပျောက်ဆုံးခြင်း စသည့် ကိုဗစ်-၁၉ရောဂါ လက္ခဏာများ ပေါ်ပေါက်လာပါက နီးစပ်ရာကျန်းမာရေးဌာနသို့ ချက်ချင်းဆက်သွယ်၍ စောစီးစွာ ကုသမှုခံယူကြရန်တို့ ပါရှိကြောင်း သိရသည်။
အဆိုပါ အသိပေးကြေညာချက်ကို မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေး ကော်မတီ၊ ပြန်ကြားရေး ဆပ်ကော်မတီဝင်များဖြစ်ကြသည့် မြို့နယ်ထွေအုပ်မှ တာဝန်ရှိသူများ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန မြို့နယ်ဦးစီးမှူး ဒေါ်မြင့်ကေခိုင်နှင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးမျိုးပိုင်သူထွေးတို့ လိုက်ပါဆော်ဩခဲ့ကြခြင်းဖြစ်ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)