လိပ်သို ဇူလိုင် ၁၂
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ လိပ်သိုမြို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေးနှင့် ကူးစက်ပြန့် ပွားမှုမရှိစေရေးအတွက် နှာခေါင်းစည် Mask မဖြစ်မနေ တပ်ဆင်သွားလာရေး အသိပညာပေး လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရာတွင် ယနေ့ နံနက် ၁၀ နာရီခန့်က တောင်ငူ-လိပ်သို ကားလမ်းမပေါ်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယင်းသို့ဆောင်ရွက်ရာတွင် နေအိမ်မှ ပြင်ပထွက်ခွာသူများ၊ လမ်းသွားလမ်းလာ ပြည်သူများ၊ မော်တော်ယာဉ် မော်တော်ဆိုင်ကယ် စီးနှင်းသူနှင့် လိုက်ပါလာသူများအား အပြင်ထွက်တိုင်း နှာခေါင်း စည် Mask တပ်ဆင်သွားလာစေရန်၊ မလိုအပ်ပဲ နေအိမ်ပြင်ပသို့ ထွက်ခွာခြင်းမပြုရန်၊ မကြာခဏ လက်ဆေးရန် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး နှာခေါင်းစည်း Mask တပ်ဆင်မှု မရှိသူ များအား နှာခေါင်းစည် Mask များဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် လိပ်သိုမြို့ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှူး ဦးစောမြတ်ကျော် ဦးဆောင်၍ ၀န်ထမ်းများက ပူးပေါင်း ဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။
နွယ်နွယ်ခိုင် (ပြန်/ဆက်)