မြို့သစ် ဇူလိုင် ၁၃
မကွေးတိုင်းဒေသကြီး ၊ မကွေးခရိုင် ၊ မြို့သစ်မြို့နယ်၌ သိပ္ပံနည်းကျ ကောက်စိုက်စက်ဖြင့် မိုး စပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြပွဲကို ယနေ့နံနက် ၉နာရီက ယင်းနားကုန်းကျေးရွာရှိ စိုက်ကွက်၌ ပြု လုပ်ခဲ့ကြောင်းသိရသည်။
အဆိုပါကွင်းသရုပ်ပြပွဲသို့ အမှတ်(၇၁)စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မိုးသူနှင့်မြို့နယ် အတွင်းရှိ ကျေးရွာနေတောင်သူဦးကြီးများ တက်ရောက်၍ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာန ဦး စီးအရာရှိ ဦးဇော်လင်းက ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းပျိုးထောင်ထားရှိပုံ ၊ ကောက်စိုက် စက်ဖြင့် မျိုးကောင်းမျိုးသန့်မျိုးစေ့ ထုတ်လုပ်ပုံအဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေး ပြောကြားခဲ့သည်။
တက်ရောက်လာသောတောင်သူများမှ သိရှိလိုသည်များကိုမေးမြန်း၍ တာဝန်ရှိသူများကပြန် လည်ဖြေကြားခဲ့သည်။ မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန အနေဖြင့်မြို့နယ်အတွင်းရှိဒေသခံ တောင်သူများ မိုးသီးနှံစိုက်ပျိုးရာသီတွင် သီးနှံအထွက်နှုန်းတိုးပွားရေးအတွက် လိုအပ်သော စိုက်ပျိုးရေး နည်းစနစ်များ ၊ သွင်းအားစုပစ္စည်းများ ထောက်ပံ့ကူညီခြင်း ၊ ပိုးမွှားရောဂါကြိုတင် ကာကွယ်ရေး ဆောင်ရွက်ရန်နည်းလမ်းများ အသိပညာပေးခြင်းလုပ်ငန်းများကို မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှူး၏ အနီးကပ်ကြီးကြပ်မှုဖြင့် ကွင်းတာဝန်ခံများက နယ်မြေကွင်းဆင်းပြီး ကြီးကြပ်ဆောင်ရွက် ပေး လျက်ရှိကြောင်းသိရသည်။
အမှတ်(၇၁)စက်မှုလယ်ယာဦးစီးဌာနမှူး ဦးအောင်မိုးသူကလည်း ကောက်စိုက်စက်ဖြင့် အ သုံးပြုပုံ အသုံးဝင်ပုံနှင့် အလုပ်သမားရှားပါမှုများအတွက် များစွာအထောက်အကူပြုပေးနိုင်ကြောင်း နှင့် ကောက်စိုက်စက်ဖြင့် စိုက်ပျိုးခြင်းများအပေါ် သိရှိလိုသည်များအား ပြန်လည် ရှင်းလင်းပေး ကြောင်းသိရ သည်။
ကိုဇော် ( မြို့သစ်)