ကော့ကရိတ် ဇူလိုင် ၁၃
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကော့ကရိတ်မြို့ပေါ်ရပ်ကွက်ရှိ ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကူးစက်ပျံ့နှံ့မှု မရှိဘဲ ထိန်းချုပ်ကာကွယ်နိုင်ရေးအတွက် ကော့ကရိတ်မြို့နယ် ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီနှင့် ပုလဲဖြူ လူမှုကယ်ဆယ်ရေး အသင်းတို့ ပူးပေါင်း၍ ကလိုရင်းဆေးရည် (ပိုးသတ်ဆေး) များကို ယမန်နေ့ ညနေ (၃) နာရီအချိန်က ကော့ကရိတ်မြို့ပေါ်ရပ်ကွက်များတွင် လိုက်လံဆေးဖျန်းခဲ့ကြောင်း သိရသည်။
အဆိုပါ ပိုးသတ်ဆေးဖျန်းခြင်းလုပ်ငန်းဆောင်ရွက်ရာတွင် မြို့နယ်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ကျော်ဦး ဦးဆောင်သော ဌာနဆိုင်ရာအဖွဲ့ဝင်များနှင့် ပုလဲဖြူလူမှုကယ်ဆယ်ရေးအသင်း ဥက္ကဋ္ဌ ဦးလှဆွေ ဦးဆောင်သောအဖွဲ့ဝင်များပါဝင်သည့် ပူးပေါင်းအဖွဲ့ တို့က မော်တော်ယာဉ် (၄)စီးဖြင့် ဆေးဖျန်းစက် (၄)လုံးတင်ဆောင်ကာ ကော့ကရိတ်မြို့ပေါ် ရပ်ကွက် (၇)ရပ်ကွက်ရှိ လမ်းမကြီးတလျှောက်နှင့် လမ်းဘေးဝဲယာတို့တွင် ဆေးဖျန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စောအောင်မျိုးလွင်