ဟိုပုံးမြို့၌ RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါအတည်ပြုလူနာ လေးဦးတွေ့ရှိ

ဟိုပုံး ဇူလိုင် ၁၃

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့၊ တုံခမ်းရပ်ကွက် တွင်နေထိုင်သော အမျိုးသမီးသည် ယမန်နေ့ နံနက်(၁၁)နာရီ အချိန်က RDT-Test Kit ဖြင့်စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိကြောင်း မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။

အဆိုပါ ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ အမျိုးသမီးသည် ဇူလိုင်လ (၁၁)ရက်နေ့ မွန်းလွဲ(၃)နာရီအချိန်တွင် ရန်ကုန်-တောင်ကြီး-ဟိုပုံး ပြေးဆွဲနေသော Famous မော်တော်ယာဉ်လိုင်းဖြင့် ဟိုပုံးမြို့သို့ရောက်ရှိခဲ့သည်။ ဆက်လက်၍ အမျိုးသမီးတစ်ဦးနှင့် ယာဉ်တစ်စီးတည်း အတူစီးနှင်းခဲ့သူများဖြစ်အား RDT-Test Kit ဖြင့်ထပ် မံစစ်ဆေးရာ အမျိုးသားမော်တော် ယာဉ်မောင်း၊ အမျိုးသား ယာဉ်နောက်လိုက် (၂)ဦးအား ကိုဗစ်-၁၉ ရောဂါပိုးရှိ/မရှိ ဟိုပုံးမြို့ ပြည်သူ့ဆေးရုံကြီးတွင် စစ်ဆေးရာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ကြောင်း သိရသည်။

ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိသူ လေးဦးအား ဟိုပုံးမြို့ ပြည်သူ့ဆေးရုံကြီး၏ Covid Isolation Ward သီးသန့်ကြပ်မတ်ဆောင်တွင် စောင့်ကြည့်ကုသလျက်ရှိကြောင်းသိရသည်။

ဟိုပုံးမြို့နယ်တွင် ကိုဗစ်-၁၉ရောဂါအတည်ပြုလူနာ ၁၆ ဦးရှိပြီး တစ်ဦးသေဆုံး၊ (၄) ဦး ဆေးရုံဆင်း ခွင့်ရရှိကြောင်း မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ သိရသည်။