မိုင်းပျဉ်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးရှိသူ(၂)ဦး ထပ်မံစစ်ဆေးတွေ့ရှိ

မိုင်းပျဉ်း ဇူလိုင် ၁၃

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ယမန်နေ့က ကိုဗစ်-၁၉ ရောဂါပိုးရှိသူ (၂)ဦးထပ်မံ တွေ့ရှိခဲ့သဖြင့် စုစုပေါင်းအတည်ပြုလူနာ (၂၄)ဦးအထိရှိပြီဖြစ်ကြောင်း သိရသည်။

ယင်းထပ်မံတွေ့ရှိသူ (၂)ဦးမှာ ကျိုင်းတုံမြို့မှ တောင်ကြီးမြို့သို့ ထွက်ခွာလာသည့် (၁၂)ဘီး ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်တစ်ဦးတို့အား မိုင်းပျဉ်းမြို့သို့ရောက်ရှိစဉ် ကျန်းမာရေးစစ်ဆေးမှုများ ပြုလုပ်ရာ ယာဉ်မောင်း၌ ကိုဗစ်-၁၉ရောဂါပိုးတွေ့ရှိခဲ့ပြီး မိုင်းပျဉ်းမြို့ Quarantine Center တွင် အသွားအလာကန့်သတ်ထားရှိသည့် အမျိုးသမီးတစ်ဦးထံမှလည်း ရောဂါပိုး ထပ်မံ တွေ့ရှိခဲ့ခြင်း ဖြစ်သည်။

အဆိုပါCovid-19 ရောဂါပိုးတွေ့ရှိသူများကို မြို့နယ်ပြည်သူ့ဆေးရုံရှိ သီးသန့်ဆောင်တို့၌ ထားရှိကာ ဆေးကုသမှုပေးနေပြီး ၎င်းတို့နှင့်ထိတွေ့သူများအား ကျန်းမာရေးစစ်ဆေးမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။

မေမွန်ထွဋ်