လဲချားတွင် ကိုဗစ် -၁၉ ရောဂါ ပိုးတွေ့လူနာတစ်ဦးတွေ့ရှိ

လဲချား ဇူလိုင် ၁၃

ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ လဲချားမြို့နယ် ပြည်သူ့ဆေးရုံတွင် ကိုဗစ်- ၁၉ရောဂါပိုး ရှိ/မရှိကို စစ်ဆေးပေးရာတွင် (၁၀-၇-၂၀၂၁)ရက်နေ့တွင် (၉)ဦး၊ (၁၁-၇-၂၀၂၁) နေ့တွင် (၁၄)ဦးနှင့် (၁၂-၇-၂၀၂၁)ရက်နေ့တွင် (၆)ဦး စုစုပေါင်း (၂၉)ဦးကို စစ်ဆေးခဲ့ရာတွင် ကိုဗစ် -၁၉ ရောဂါပိုး (၁)ဦးတွေ့ရှိခဲ့သည်။

အဆိုပါ ပိုးတွေ့လူနာသည်ကျန်းမာရေးကောင်းမွန်လျက်ရှိပြီး မြို့နယ်ပြည်သူ့ဆေးရုံ သီးသန့် လူနာကုဆောင်တွင် ထားရှိပြီး ကျန်းမာရေးစောင့်ရှောက်ပေးလျက်ရှိကြောင်း မြို့နယ်ကျန်းမာရေး ဌာနမှ ပြောကြားခဲ့ကြောင်း သိရသည်။