တကူ(စံပြ)တိုက်နယ်ဆေးရုံတွင် ဝမ်းနာရွာမှအမျိုးသမီးတစ်ဦး (COVID-19)ရောဂါပိုးစစ်ဆေးအတည်ပြုတွေ့ရှိ
Jul 14,2021
တနင်္သာရီတိုင်းဒေသကြီး ၊ တနင်္သာရီမြို့နယ် တကူကျေးရွာအုပ်စု-တကူ(စံပြ)တိုက်နယ်ဆေးရုံ Fever Clinic တွင် ဇူလိုင်လ ၁၄ရက်နေ နံက်၉နာရီအချိန်က သာရဘွင်ကျေးရွာအုပ်စု၊ သာရဘွင်ကျေးရွာနှင့် တကူကျေးရွာအုပ်စု-ဝမ်းနာရွာမှ အမျိုးသမီး(နှစ်)ဦးက နှာစေးချောင်းဆိုး၍ဖျားနေသဖြင့်လာရောက်ပြသရာတိုက်နယ်ဆေးရုံတာဝန်ခံဆရာဝန်ဒေါက်တာဖြိုးမြင့်ကြည်၏ ဦးဆောင်မှုဖြင့် (COVID-19) ရောဂါပိုးရှိ/မရှိ Covid-19 Antigen test ဖြင့် စစ်ဆေးရာ ဝမ်းနာကျေးရွာမှအသက်(၃၁)နှစ်အရွယ် အမျိုးသမီးတစ်ဦးတွင် ရောဂါပိုးအတည် ပြုတွေ့ရှိခဲ့သဖြင့် ၎င်းအမျိုးသမီးအား တကူတိုက်နယ် ဆေးရုံဝင်းအတွင်းရှိ ဇီဝိတသံဃာ့ဆေးရုံ (Facility Quarantine Center) အတွင်း (၁၄)ရက်အကြာသွားအလာကန့်သတ်ထားရှိ၍ နေ့စဉ်ကိုယ်အပူချိန်တိုင်းပေးခြင်း၊အောက်ဆီဂျင်တိုင်းခြင်းတို့ဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသွားမည်ဖြစ်ကြောင်း သိရသည်။