မအူပင်မြို့တွင်နေအိမ်ပြင်ပထွက်ပြည်သူများနှာခေါင်းစည်း(Mask) တပ်ဆင်ပြီးထွက်ရေးအသိပညာပေး

မအူပင် ဇူလိုင် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်မအူပင်မြို့တွင်နေအိမ်ပြင်ပသို့ထွက်ရှိသည့်ပြည်သူများ နှာခေါင်းစည်း(Mask)တပ်ဆင်ပြီးထွက်ရန်နှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏သတ်မှတ်စည်းကမ်းနှင့်အညီနေထိုင်ကြရန် အသိပညာပေးခြင်းကို ယမန်နေ့မွန်းလွဲ၂ နာရီက လူစည်ကားရာနေရာများတွင်အသိပညာပေးဆောင်ရွက်ခဲ့ကြောင်းသိရသည်။


အဆိုပါအသိပညာပေးခြင်းကို မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆောင်မှုဖြင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊မြို့နယ်ရဲတပ်ဖွဲ၊မီးသတ်တပ်ဖွဲ့ဝင် များ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ဝန်ထန်းများဖြင့် ပူးပေါင်းကာ မြို့နယ်အတွင်း နေအိမ်ပြင်ပသို့ထွက်ရှိသည့်ပြည်သူများအားနှာခေါင်းစည်း(Mask)တပ်ဆင်ပြီးထွက်စေရေးနှင့်ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏လမ်းညွှန်ချက်များနှင့်အညီနေထိုင်သွားလာရေးအသိပညာပေးခြင်းကို လူစည်ကားရာဘုရားလမ်းနှင့်တေ​ဇလမ်းထောင့်၊ဗိုလ်ချုပ်ကြေးရုပ် အနီး၊ရေလဲလမ်းမကြီးနှင့်ပြုံးချိုလေးစျေးမနီးလမ်းမကြီးများတွင် အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းမအူပင်မြို့နယ်အထွေထွေအုပ်ချုပ်ရေဦးစီးဌာနမှသိရသည်။