လွိုင်လင် ဇူလိုင် ၂၅
ရှမ်းပြည်နယ်(တောင်ပိုင်း) လွိုင်လင်မြို့တွင် ကိုဗစ်- ၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး လုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်ပိုင်း ၁၀နာရီအချိန်မှ စတင်၍ ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်/မြို့နယ် မီးသတ်ဦးစီးဌာန တို့ပူးပေါင်း၍ လွိုင်လင်မြို့နယ် တောင်နောက်ကျေးရွာနှင့်ကုန်းပြက်ကျေးရွာ တို့တွင်နေထိုင် ကြသည့် တိုင်းရင်းသားပြည်သူများအား အသံချဲ့စက်ဖြင့်လှည့်လည်ကာ အသိပညာပေး နိုးဆော်ကြောင်းသိရသည်။
လတ်တလောဖြစ်ပေါ်လျက်ရှိသော ကိုဗစ် - ၁၉ ရောဂါသည် ကူးစက်မှုမြန်ဆန်ပြီး သေးဆုံး မှုများရှိနေပါသဖြင့် ရပ်ကွက်/ကျေးရွာများတွင်နေထိုင်ကြသည့် မိဘပြည်သူများအနေဖြင့် မိမ ိနေအိမ်များတွင်နေထိုင်ကြရန်၊ မဖြစ်မနေ အပြင်ထွက်ပါက ပါးစပ်နှာခေါင်းစည်းများ စနစ် တကျတပ်ဆင်ပြီးမှ အပြင်ထွက်ရန်၊ တစ်ဦးနှင့်တစ်ဦး (၆)ပေအကွာ နေထိုင်ပြောဆိုရန် ၊ လူစုလူဝေးရှောင်ရှားရန်၊ အပြင်မှ ပြန်လာပါက ပါးစပ်နှာခေါင်းစည်းများကို အဖုံးပါသော အမှိုက်ပုံးတွင်စနစ်တကျစွန့်ပစ်ရန်၊ လက်ကိုဆပ်ပြာနှင့် အနည်းဆုံး စက္ကန့်(၂၀)ကြာအောင် ဆေးကြောရန်၊ ကိုယ်လက်သန့်ရှင်းရေးမပြုလုပ်မီ အိမ်သားများနှင့်အနီးကပ် ထိတွေ့ခြင်းမပြု ကြရန်၊ လေဝင်လေထွက်ကောင်းစေရန် အခန်းတံခါးများကို ဖွင့်လှစ်ထားရန်၊ ရောဂါကူးစက် ခံရပြီဟု သံသယရှိပါကနီးစပ်ရာကျန်းမာရေးဌာနများသို့ သွားရောက်ပြီးဆေးကုသမှုခံယူကြပါ ရန် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့်စ ည်းကမ်းချက်များ အတိုင်း မပျက်မကွက်လိုက်နာကြရန် (မြန်မာ၊ရှမ်း၊ပအိုဝ်း)ဘာသာစကားများဖြင့် အသိပေးနိုးဆော်ခြင်း များ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်ရေး ပြည်သူများအားအသိပညာပေး နိုးဆော် ခြင်းကို လွိုင်လင်မြို့နယ်မှတာဝန်ရှိဌာနဆိုင်ရာများပူးပေါင်း၍ နေ့စဉ် မနက်တစ်ကြိမ်၊ ည တစ်ကြိမ် (မြန်မာ၊ရှမ်း၊ပအိုဝ်း) ဘာသာစကားများဖြင့် ဆက်လက်၍ အသိပေးနိုးဆော် သွားမည် ဖြစ်ကြောင်းသိရသည်။
ဝင်းမင်းသန့်