ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရေး လိုက်နာဆောင်ရွက်ရ မည့်အချက်အလက်များအသံချဲ့စက်ဖြင့်အသိပေးခြင်းဆောင်ရွက်

ညောင်ဦး   ဇူလိုင် ၂၅

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နှင့်ပုဂံမြို့တို့တွင် ကိုဗစ်-၁၉ ရောဂါကူး စက်ပျံ့ပွားမှုမရှိစေရေးနှင့်ရောဂါကာကွယ်ထိန်းချုပ်နိုင်စေရန်ညောင်ဦးမြို့နယ် ကိုဗစ်-၁၉ ရောဂါထိန်းချုပ်ရေးနှင့်အရေးပေါ်တုန့်ပြန်ရေးကော်မတီဦးဆောင်မှုဖြင့်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ခရိုင်ဦးစီးအရာရှိ ဒေါ်မေသန္တာအောင်၊  ညောင်ဦးမြို့နယ် မီးသတ်ဦးစီး ဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မင်းသူ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဆန်းမြလွင် နှင့်ဌာနဆိုင်ရာဝန်ထမ်းများပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်နိုင်ရေး ဆောင်ရွက်လိုက်နာရ မည့်အချက်များကို ဇူလိုင် ၂၅ရက်နေ့ နံနက် ၇နာရီအချိန်ကအသံချဲ့စက်ဖြင့်လှည့်လည် အသိပေးနှိုးဆော်ခဲ့ကြောင်းသိရသည်။

အဆိုပါ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်ခြင်းများကို ညောင်ဦးမြို့၊ ပုဂံမြို့ လူစည်ကားရာနေရာများဖြစ်သည့် ကားဂိတ်များ၊ လမ်းဆုံ လမ်းဂွများ၊ ညောင်ဦးမြို့ ရပ်ကွက်များအတွင်းရှိလမ်းသွယ်များ၊ ပုဂံမြို့ ရပ်ကွက်များအတွင်းရှိလမ်းသွယ်များ အတိုင်း လိုက်လံဆော်ဩခဲ့ရာ  ကိုဗစ်-၁၉ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် နေအိမ်တွင်းသာနေ ထိုင်ကြရန်၊ ပြင်ပမှလာသောဧည့်သည်များလက်မခံရန်နှင့် မိမိတို့ကလည်းအခြားသူများထံ သွားရောက်ခြင်းမပြုကြရန်၊မဖြစ်မနေအရေးကြီးကိစ္စကြောင့် အပြင်ထွက်ရပါက ပါးစပ်နှင့် နှာခေါင်းတို့ကို နှာခေါင်းစည်း Mask နှင့် Face Sheld စနစ်တကျတပ်ဆင်၍ သွားလာ ကြရန်၊ လက်ကိုဆေးကြောခြင်းမပြုပဲ ပါးစပ်၊နှာခေါင်းနှင့်မျက်စိတို့ကိုကိုင်တွယ် ပွတ်သပ်ခြင်းမပြုမိ စေရန်နှင့်ရောဂါပိုးကူးစက်မှုခံနေရသည်ဟု သံသယရှိပါက နီးစပ်ရာ ကျန်းမာရေးဌာနများသို့ ဆက်သွယ်၍ စစ်ဆေးကုသမှုခံယူကြရန်၊ ကိုဗစ်-၁၉ရောဂါ ကူးစက်မှုကို အမြန်ကာကွယ်တားစီး ထိန်းချုပ်နိုင်ရေးအတွက် ရောဂါကာကွယ်ရေးလုပ်ငန်းများကို အမျိုးသားရေးတာဝန် တစ်ရပ် နေဖြင့် မိဘပြည်သူများအားလုံးက ကိုယ်စီ ကိုယ်စီလိုက်နာပြီး ပူးပေါင်းပါဝင်ဆောင်ရွက်ပေး ကြပါရန် ပြည်သူများကျယ်ကျယ်ပြန့် ပြန့်သိရှိနိုင်စေရေး အသံချဲ့စက်ဖြင့်အသိပေးနှိုးဆော်ခဲ့ ကြောင်းသိရသည်။

ကိုထိန်၊KPD