ကိုဗစ်_၁၉ ရောဂါသက်သာ၍ဆေးရုံမှ ဆင်းခွင့်ရသူ မိသားစုများအားနေအိမ်တွင် (Home Stay)နေစဉ်ကာလအတွင်း  အဆင်ပြေစေရန် ဆန်နှင့်စားသောက်ဖွယ်ရာများထောက်ပံ့

ရေဖြူ ဇူလိုင် ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ထားဝယ်ခရိုင်၊ရေဖြူမြို့နယ်၊ မြို့နယ် ကိုဗစ်_၁၉ရောဂါ ထိန်းချုပ် ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီက ကိုဗစ်_၁၉ရောဂါခံစားရပြီး ရောဂါသက်သာ၍ ဆေးရုံမှ ဆင်းခွင့်ရသူ မိသားစုများအား နေအိမ်တွင် (Home Stay)နေထိုင်စဉ်ကာလအတွင်း  စားဝတ်နေရေးအဆင်ပြေစေရန် ဆန်နှင့်စားသောက် ဖွယ်ရာများကို ယမန်​နေ့ နံနက် ၁နာရီက ထောက်ပံ့ပေးအပ်ခဲ့ကြောင်းင်း သိရသည်။

 ထိုသို့​ထောက်ပံ့​ပေးအပ်ရာတွင်  ရောဂါသက်သာပျောက်ကင်းပြီး ဆေးရုံဆင်းခွင့်ရသူ ရေဖြူ မြို့ (က)(ခ)ရပ်ကွက်နှင့်ကျေးရွာရှိ မိသားစု(၁၀)စုအား အိမ်​ထောင်စုတစ်စုလျှင် ဆန်(၁၀) ပြည်၊ ဆီ(၁)လီတာဘူး(၁)ဘူး၊ ကြက်သွန်နီ ၁ပိသာ၊ ဆား ၁ပိသာနှင့် ​ကော်ဖီမစ်ပါကင် အထုပ်ကြီး ၁ထုပ်စီ တို့ကို ‌မြို့နယ်‌ကိုဗစ် _၁၉ ရောဂါထိန်းချုပ်ရေး နှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ‌နေအိမ်များသို့သွားရောက်ကာ လက်ဝယ်အ​ရောက် ထောက်ပံ့ပေးခဲ့​ကြောင်း သိရသည်။

   ဖြူဖြူရှိန်