မြို့သစ်မြို့နယ်၌ မျိုးသန့် မျိုးစေ့ ပျိုးပင်များထောက်ပံ့ပေးအပ်

မြို့သစ်   ဇူလိုင် ၂၅

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ  စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက် ရေးနှင့်သီးနှံစိုက်ပျိုးမှုပုံစံ မှန်ကန်စေရေးရည်ရွယ်လျက်  တောင်သူပူးပေါင်းပါဝင်သော စိုက်ပျိုး ပညာပေးလုပ်ငန်းအစီအစဉ်ဖြင့် သီးနှံပုံစံ စံပြကွက်များ၊ မျိုးသန့်ပွားစိုက်ခင်းများဆောင်ရွက်ရန် အတွက် ကျေးရွာ(၂၉)ရွာမှ အကျိုးဆောင်ပေါင်းစပ်တောင်သူ (၁၄၉)ဦးအား  စိုက်ပျိုးပညာပေးလုပ်ငန်းသုံးပစ္စည်းများဖြစ်သည့် မျိုးသန့် မျိုးစေ့ ပျိုးပင်များအား ယခုနှစ် ဇူလိုင်လအတွင်း စိုက်ပျိုးချိန် ရာသီအလိုက် ထောက်ပံ့ပေးအပ်လျက်ရှိကြောင်း သိရသည်။

အဆိုပါ စိုက်ပျိုးရေးသုံးပစ္စည်းများထောက်ပံ့ပေးအပ်ရာတွင်  စိုက်ပျိုးမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေး  သစ်စိမ်းမြေဆွေး   စိုက်ခင်းသုံး ပိုက်ဆံလျှော်မျိုးစေ့ (၁၈၀)ပြည်၊  သက်လတ်အထွက် ကောင်းစပါး မျိုး (၁၂၅)တင်း၊ ရာသီမရွေး နှမ်းနက်မျိုး (၃၃) ပြည်၊ ပဲတီစိမ်းမျိုး (၁၈)ပြည်၊ နေကြာမျိုး (၁၃)ထုပ်၊ အစေ့ထုတ်ပြောင်းစပ်မျိုး SP – 888 (၂)ထုပ်၊ ဌာနထုတ် ချည်မျှင်ရှည်ဝါမျိုး (၈၅၈)ပိဿာနှင့် သီးနှံ သစ်တောရောနှော (Agro-forestry)စိုက်ခင်းသုံး စိန်တစ်လုံးသရက်ပျိုးပင် (၂၉၀)ပင်တို့အား စိုက်ပျိုးချိန်ရာသီအလိုက် တောင်သူများလက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

မြို့သစ်မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနအနေဖြင့် ကိုဗစ် - ၁၉ကာလတွင် ကျန်းမာရေးဆိုင်ရာ

ကန့်သတ်ချက်များနှင့်အညီ ဒေသအတွင်း တောင်သူများလိုအပ်ချက်အပေါ် ပေါင်းစပ်ဆောင်ရွက် ပေးလျက်ရှိရာ Myo Thit DOA viber, Messager ,ရုံးဖုန်း (၀၆၃-၅၃၁၇၁)တို့မှလည်းကောင်း၊ရုံးချုပ် Call Center (၀၁၂၃၉၉၅၅၅)ဖုန်းလိုင်းတို့မှတစ်ဆင့် ဆက်သွယ်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့

နယ်စိုက်ပျိုးရေးဦးစီးမှူး ဦးဇော်လင်းထံကသိရသည်။

ဝင်းအိဇွန် (ပြန်/ဆက်)