မိုးနဲမြို့တွင် ကိုဗစ်၁၉-ရောဂါကာကွယ်ရေး အလှူငွေနှင့် သံကုတင်များ လှူဒါန်း
Jul 28,2021
ရှမ်းပြည်နယ်(တောင်ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ထိန်းချုပ်နိုင်ရေးအတွက် လိုအပ်သောနေရာတွင်အသုံးပြုနိုင်ရန် အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ၊စားသောက်ဖွယ်ရာများကို စဉ်ဆက်မပြတ် အလှူရှင်ပြည်သူများက ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။