ရှမ်းပြည်နယ်(အရှေ့ပိုင်း)မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင် ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် အလှူငွေပေးအပ်ခြင်းကို ယမန်နေ့နံနက်(၉)နာရီက မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးလွင်မိုးက ကိုဗစ်-၁၉ရောဂါ တတိယလိုင်းဖြစ်ပွားနေမှု၊ ယာဉ်မောင်းနှင့် ခရီးသည်များအား ကိုဗစ်စစ်ဆေးရေးဂိတ် နှစ်ခုခွဲ၍ စစ်ဆေးဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်တားဆီးရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေမှု၊ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိ စေရန်ဆောင်ရွက်နေမှုနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများက ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ရေးနှင့် စပ်လျဉ်း၍ ဝိုင်းဝန်းဆွေးနွေးခဲ့ကြသည်။
ထို့နောက် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးလုပ်ငန်းများတွင် အသုံးပြုရန် မိုင်းတုံမြို့နယ် တပ်ရင်းတပ်ဖွဲ့ မိသားစုများမှလှူဒါန်းသော ငွေကျပ်-၅၄၀၀၀ဝိ/ ကို ဗိုလ်မှူးကြီးဇော်မင်းဦးက ပေးအပ်ရာ ကိုဗစ်-၁၉ ရောဂါ စောင့်ကြည့်စစ်ဆေးကုသရေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးလွင်မိုးနှင့် တာဝန်ရှိသူတို့က လက်ခံရယူခဲ့ကြောင်းသိရသည်။
ဝင်းဝင်းခိုင်