ကိုဗစ်ပိုးတွေ့ရှိသူများအနက် ကျန်းမာရေးကောင်းမွန်သူ (၃၄)ဦးနေအိမ်ပြန်ခွင့်ရရှိ

မင်းလှ  ဇူလိုင်  ၂၈

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်တွင် မြို့နယ်ကျန်းမာ‌ရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူများကို ပြည်သူ့ဆေးရုံ၊ အမှတ်(၇) ရပ်ကွက် ပြည်တော်သာ အိုးအိမ်ဝန်ထမ်း အိမ်ယာသစ်၊ အ.ထ.က မင်းလှ မြို့ပြင်ကျောင်း၊ စစ်ကွင်းတိုက်နယ်ဆေးရုံ၊ အ.ထ.က စစ်ကွင်းကျောင်းတို့တွင် ကျန်းမာရေးစောင့် ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့ နံနက်ပိုင်းက ကျန်းမာ ရေးကောင်းမွန်သူ(၃၄)ဦးကို နေအိမ်ပြန့်ခွင့် ပြုခဲ့ကြောင်း သိရသည်။

အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှုပေးသောနေရာများမှအ.ထ.က မင်းလှ မြို့ပြင်ကျောင်း၌  ကျန်းမာရေး ပြန်လည်ကောင်းမွန်လာသူစုစု ပေါင်း (၃၄)ဦးတို့ကိုကျန်းမာ‌ရေး ဝန်ထမ်းများက ကျန်းမာရေးထောက်ခံချက် ဆေးလက်မှတ်များပေးအပ်ကာ မိမိတို့၏ နေအိမ်အသီး သီးသို့ပြန်ခွင့်ပြုခဲ့ပြီး ၎င်းတို့နေအိမ်တွင် (၇)ရက် ကြာနေထိုင်ရန်နှင့်ကျန်းမားရေးအသိ ပညာပေးစကားများပြောကြား‌ပေးခဲ့ ကြောင်းသိရသည်။

ပေါက်စ မင်းလှ