မိုးနဲမြို့တွင် ကိုဗစ်၁၉-ရောဂါကာကွယ်ရေး အလှူငွေနှင့် သံကုတင်များ လှူဒါန်း

မိုးနဲ   ဇူလိုင်  ၂၈

ရှမ်းပြည်နယ်(တောင်‌ပိုင်း) ၊လင်းခေးခရိုင် ၊မိုးနဲမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ၊ထိန်းချုပ်နိုင်‌ရေးအတွက် လိုအပ်သောနေရာတွင်အသုံးပြုနိုင်ရန် အလှူငွေနှင့် ကာကွယ်ရေးသုံး ပစ္စည်းများ ၊စားသောက်ဖွယ်ရာများကို စဉ်ဆက်မပြတ် အလှူရှင်ပြည်သူများက ပေးအပ်လှူဒါန်းလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနတွင်  ကိုဗစ်-၁၉ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အလှူငွေများ လာရောက် လှူဒါန်းပေးခဲ့ကြောင်း သိရသည်။

 ယင်းသို့ ပေးအပ်လှူဒါန်းရာတွင် ဦးစိုင်းငွေစိုး (မိုးနဲကွန်ကီမိသားစု)မှ ငွေကျပ် သုံးသိန်း ၊အစ္စလာမ်ဘာသာဝင်များအဖွဲ့မှ ငွေကျပ် သုံးသိန်း ၊လုံးစိုင်းထွန်းအေးသန်း မိသားစုမှ ငွေကျပ် တစ်သိန်း နှင့် Quarantine Center တွင်ထားရှိရန်အတွက် ဒေါ်အေးအေးမြင့် (မြို့နယ်စာရင်းစစ်မှူး)မှ သံကုတင်တစ်လုံး ၊ ဦးဝင်းနိုင်စိုးမိသားစုမှ သံကုတင်တစ်လုံး ၊ကိုရှမ်းလေး (သံပန်းတံခါးလုပ်ငန်း) မှ သံကုတင်တစ်လုံး      ကိုပေးအပ်လှူဒါန်းရာ မြို့နယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ကုသရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ ဦးဝင်းမြင့်နှင့် တာဝန်ရှိသူများက  လက်ခံခဲ့‌ကြောင်း  သိရသည်။

 မျိုးညွန့်ရွှေ