ဝက်လက် ဇူလိုင် ၂၈
မေး။ ။ ကိုဗစ် - ၁၉ရောဂါ ကာကွယ်ရေးအတွက် ဝက်လက်မြို့နယ်အနေဖြင့် စီစဉ်ဆောင်ရွက် ထားရှိမှု အခြေနေကို သိရှိလိုပါတယ်ရှင့်။
ဖြေ။ ။ယခုလတ်တလော ဆောင်ရွက်နေတာကတော့ မန္တလေး-ရွှေဘိုကားလမ်းမကြီး ဘေးတွင် ရှိသော ရွာသာကြီးကျေးရွာမှာ စစ်ဆေးရေးဂိတ် ထားရှိပြီး ၊ မော်တော်ယာဉ်များ စနစ်တကျ တန်းစီစောင့်ဆိုင်းကာ စာရင်းပေးသွင်းေစခြင်း ၊ Stay at Home မြို့နယ်မှ လာရောက်သောမော်တော်ယာဉ်များ မှ ပုဂ္ဂိုလ်များကို ၇၂ နာရီ အတွင်း စစ်ဆေးထားသည့် ကိုဗစ် ၁၉ရောဂါ Negative ဖြစ်ကြောင်း ကျန်းမာရေး ထောက်ခံချက် လက်မှတ် မပါရှိပါက ဆက်လက် ဝင်ရောက် သွားလာခြင်း မပြုဘဲ ချက်ခြင်း ပြန်လွှတ်ရန် ၊ Stay at Home မြို့နယ်မဟုတ်သည့် ဒေသအတွင်း သွားလာနေသည့် သူများအနေဖြင့် သက်ဆိုင်ရာရပ်ကွက် / ကျေးရွာ အုပ်ချုပ်ရေးမှူးများ၏ နေထိုင်ကြောင်း ထောက်ခံချက် ပါရှိမှသာ သွားလာခွင့်ပြုရန် စသည့်အချက်များကို စစ်ဆေးဂိတ်မှာစီစစ် ဆောင်ရွက်ပေးလျက်ရှိပါတယ်။
ကုသရေးစင်တာများ အနေဖြင့် မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ သံဃာဆောင်နှင့် အမှတ် ၂ ရပ်ကွက် မြို့ဒိုင်ဝင်းအတွင်းမှာ Positive လူနာများထားရှိပြီး ကျန်းမာရေး စောင့်ရှောက်မှု များဆောင်ရွက် ပေးလျှက်ရှိပါတယ်။ဒါ့အပြင် သံသယလူနာ၊ ပိုးတွေ့လူနာ များနှင့် ထိစပ်သူတွေကို Stay at Home ထားရှိပြီး (RDT) နှင့် စစ်ဆေးခြင်များ ဆောင်ရွက်ပေးလျှက်ရှိပါတယ်။
နောက်ပြီး ကိုဗစ် ၁၉ ရောဂါ ကာကွယ်ရေး အသိပညာပေး လုပ်ငန်းကို မြို့နယ်မီးသတ်ဦးစီးဌာန မှ တပ်ဖွဲ့ဝင်များ ၊ မြို့နယ်ပြန်ကြားရေနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများ ၊ မြို့နယ်စည်ပင် သာယာရေး အဖွဲတို့က လိုက်လံ ၍ အသိပညာပေးနှိုးဆော်ခြင်း လုပ်ငန်းများကိုနေ့စဉ် ဆောင်ရွက်ပေး နေပါတယ်၊ Mask Campaign ကိုလည်း မြို့နယ် အဆင့်ကိုဗစ် - ၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီဝင်များက စဥ်ဆက်မပြတ် ဆောင်ရွက်ပေးနေပါတယ်။
မေး။ ဝက်လက်မြို့နယ်မှာဆိုရင် ယနေ့ အထိ ပိုးတွေ့လူနာ စုစုပေါင်း နဲ့ ဆေးရုံဆင်း သွားသူ၊ ဆေးကုသဆဲ ၊ သေဆုံးမှု အခြေနေကို လည်သိရှိလိုပါတယ်ရှင့်။
ဖြေ ။ ဝက်လက်မြို့နယ်အနေဖြင့် ဇွန်လ ၁၁ ရက်နေ့ မှ ယနေ့ အထိ စုစုပေါင်း ပိုးတွေ့လူနာ ၃၁၃ ဦး ၊ ဆေးကုသဆဲ ၁၂၆ ဦး ၊ ရောဂါပျောက်ကင်း၍ ဆေးရုံဆင်း ၁၇၀ ဦး ၊ သေဆုံးသူ ၁၇ ဦး ထိရှိပါတယ်။
မေး။ ပိုးတွေ့ လူနာတွေကို ကျန်းမာရေး စောင့်ရှောက်မှု အခြေအနေကို သိလိုပါတယ်ရှင့်။
ဖြေ။ ပိုးတွေ့လူနာများကိုကျန်းမာရေးစောင့်ရှောက်မှု အနေနဲ့ ကတော့ ကျန်မာရေးဦးစီးဌာန ကဝန်ထမ်းများက မနက်တစ်ကြိမ်၊ညနေ တစ်ကြိမ် ဆေးကုသမှု ပေးနေသလို ၊ အရေးကြီးလူနာဖြစ်နေပါက အရေးကြီးသလို မြို့နယ်ပြည်သူ့ဆေးရုံသို့ တက်ရောက်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပြုလုပ်ပေးနေပါတယ်။ အကယ်၍ လူနာက Oxygen လိုအပ်ပါက ကျွန်တော်တို့မြို့နယ်မှာ Oxygen Plant မရှိတော့ မေတ္တာရှင်လူမှုကူညီရေး အသင်းနှင့် ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ရပါတယ်။
မေး။ ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ဆေး ထိုနှံပေးမှု အခြေနေကို သိချင်ပါတယ်ရှင့် ။
ဖြေ။ ဝက်လက်မြို့နယ်မှာ ဆိုရင် ကိုဗစ် ကာကွယ်ဆေးကို ယနေ့ အထိစုစုပေါင်း ၁၄၉၀ ဦး ထိုပြီးပါပြီ။
မေး။ ဥက္ကဋ္ဌ ကြီးအနေနဲ့ အခြားဘာများ ပြောစရာ ကျန်ရှိသေးလဲရှင့်။
ဖြေ။ ကျွန်တော် အနေနဲ့ကတော့ ၊ မြို့နယ်အဆင့် ကိုဗစ် - ၁၉ ရောဂါထိန်းချုပ်ရေးနှင့် အရေးပေါ် တုန့်ပြန်ရေး ကော်မတီ မှ ဦးဆောင်ပြီး ကိုဗစ် - ၁၉ ရောဂါ ကာကွယ်ထိန်းချုပ် ကုသရေး လုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာန ၊ လူမှုကူညီရေး အသင်းများ နှင့် ချိတ်ဆက်ပြီး လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စိုးစိုးလှိုင် (ဝက်လက်)