ရေးမြို့၌ မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် အနိမ့်ပိုင်းရပ်ကွက်အချို့ ရေနစ်မြုပ်လျက်ရှိခြင်းကြောင့် ကယ်ဆယ်ရေးစခန်းဖွင့်လှစ်ဆောင်ရွက်

ရေး    ဇူလိုင်     ၂၈

ရေးမြို့နယ်တွင် မိုးများအဆက်မပြတ်ရွာသွန်းမှုနှင့် ချောင်းဖျားရေများတိုးလာမှုကြောင့် မြို့ပေါ် ရပ်ကွက်အချို့၌ ဇူလိုင်လ၂၆ရက်နေ့ ည၇နာရီအချိန်က နေအိမ်များအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပွားခဲ့ကြောင်း သိရသည်။

 အဆိုပါ ရေကြီးရေဝင်ရောက်မှုကြောင့် အနိမ့်ပိုင်း(၅)ရပ်ကွက်မှ  အိမ်ထောင်စု(၇၃)စု၊ ကျား(၁၄၁)ဦး၊ မ(၁၄၉)ဦး၊ ရေဘေးသင့်ပြည်သူ စုစုပေါင်း(၂၉၀)ဦးအား ရန်မျိုးအောင်ရပ်ကွက်၊ အားကစားရုံ ကယ်ဆယ်ရေးစခန်း(ယာယီ)သို့  ပို့ဆောင်ပေးပြီးဖြစ်ကြောင်း သိရသည်။ 

လက်ရှိအချိန်တွင် ဖြစ်ပေါ်နေသည့် ရေဘေးသင့်ပြည်သူများအတွက် နေထိုင်ရေး အဆင်ပြေစေရန်  မြို့နယ်စီစံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့တာဝန်ရှိ သူများ၊ ဌာနဆိုင်ရာများ၊ ပရဟိတကူညီကယ်ဆယ်ရေးအဖွဲ့များနှင့် ရပ်ကွက်တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်လျက်ရှိရာ  အနိမ့်ပိုင်း ရပ်ကွက်များတွင် ရေဝင်ရောက်မှုမှာ မန်နေ့ နံနက်၈နာရီ၁၅မိနစ်အချိန် တိုင်းထွာချက်များအရ ၃ ပေ ၄ လက်မခန့်ဖြစ်ပြီး (၁၁)နာရီချိန်တွင် ထပ်မံ တိုင်းတာကြည့်ရာ ၂ ပေခွဲခန့် ရှိသည့်အတွက် ရေ(၁၀)လက်မခန့် ကျဆင်းသွား ကြောင်းနှင့် မန်နေ့နံနက်၆ နာရီမှ ညနေ၄နာရီအချိန်ထိ ရေးမြို့နယ်အတွင်း မိုးရွာသွန်းမှုမရှိကြောင်း သတင်းရရှိသည်။

မြို့နယ်(ပြန်/ဆက်)