ထန်းတပင်မြို့နယ်၌ ဆေးရုံများနှင့်အများပြည်သူများထံသို့ အောက်ဆီဂျင်များဖြန့်ဝေဆောင်ရွက်ပေး
Jul 28,2021
အများပြည်သူများ အောက်ဆီဂျင်အခက်အခဲများမရှိစေရေးနှင့် အမှန်တကယ်လိုအပ်သည့် ပြည်သူများ အောက်ဆီဂျင်များရရှိစေရေးတို့အတွက် ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင် မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းအောက်ဆီဂျင်များကို ဖြန့်ဝေ ဆောင်ရွက်ပေး လျက်ရှိပြီး ဇူလိုင်လ(၂၇)ရက်နေ့အထိ အောက်ဆီဂျင် လီတာ(၄၀)ဆံ့ (၁၁ဝ)အိုးကို မြို့နယ်အတွင်းရှိဆေးရုံများနှင့် အများပြည်သူများထံသို့ ဖြန့်ဝေဆောင် ရွက်ပေးပြီး ဖြစ်ကြောင်းသိရသည်။