ဝိုင်းမော် ဇူလိုင် ၂၈
ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ ဝိုင်းမော်မြို့နယ်၌ အောက်ဆီဂျင်စက်ရုံ တည်ဆောက်နိုင်ရန် ပန္နက်တင်မင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီက ဝိုင်းမော်ပြည်သူ့ဆေးရုံဝင်းအတွင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်မင်းဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဆရာဝန်ကြီး ဒေါက်တာသိန်းမြို့နှင့် စက်ရုံမတည် အလှူရှင်များမှ သတ်မှတ်နေရာများတွင် ပန္နက်တင်၍ အမွှေးနံ့သာရည်များပက်ဖြန်းပေးခဲ့ကြသည်။
အောက်ဆီဂျင်စက်ရုံတည်ဆောက်နိူင်ရန်အတွက် အလှူရှင်များ၏ စုပေါင်းလှူဒါန်းမူဖြင့် တည်ဆောက်ခြင်းဖြစ်ကြောင်းနှင့် အဆောက်အဦ အကျယ်အဝန်းသည် (အလျား- ၃၀ ပေ x အနံ - ၂၅ ပေ x အမြင့်-၁၅ ပေ) ဖြစ်ပြီး အမျိုးအစားမှာ သံဖရိန်(၁)ထပ်ဖြစ်သည်။
အဆိုပါ အောက်ဆီဂျင်စက်ရုံမှ တစ်နာရီလျှင်ထွက်ရှိသည့် ပမာဏ ၄၀ လီတာအိုး ၃ လုံး ရရှိမည်ဖြစ် ကြောင်းနှင့်ယင်းအောက်ဆီဂျင်များကို ကိုဗစ်-၁၉ရောဂါကာကွယ်ကုသရေးလုပ်ငန်းတွင် အသုံးပြုနိုင်ရန် အမြန်ဆုံးတည်ဆောက်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
ခိုင်သက်မွန်