ကျိုင်းတုံမြို့နယ်တွင် ရေးဘေးသင့်ပြည်သူများအား ​ထောက်ပံ့ငွေများပေးအပ်

                                                                                                ကျိုင်းတုံ  ဇူလိုင် ၂၈

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့နယ်၊ နမ့်ခတ်ကျေးရွာအုပ်စု၊ မိုင်းအင်းကျေးရွာတွင် ဇူလိုင် ၂၂ ရက်က မိုးသည်းထန်စွာရွာသွန်းပြီး ရေတိုက်စားမှုကြောင့် ပျက်စီးသွားသည့် နေအိမ်များမှ ရေဘေးသင့် ပြည်သူများအား ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ    ယမန်နေ့က ထောက်ပံ့ငွေများပေးခဲ့ ကြောင်းသိရသည်။

ထိုသို့ထောက်ပံ့ပေးရာတွင် ကျိုင်းတုံခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးစီးအရာရှိ ဦးHကံထူးနှင့် ဝန်ထမ်းများက မိုရွာသွန်းမှုကြောင့် ပျက်စီးခဲ့သည့် ပျဉ်ထောင်၊ ပျဉ်ကာ၊ သွပ်မိုး  နေအိမ်(၃၄)လုံး အတွက် အိမ်ဆောက်ပစ္စည်းဖိုး ငွေကျပ် ၃၀၆၀၀၀၀နှင့် အဆိုပါပျက်စီးခဲ့သည့် နေအိမ်များမှ လူဦးရေ (၁၈၈)ဦးအတွက် ဆန်ရိက္ခာ (၇)ရက်စာ တန်ဖိုးငွေကျပ် ၃၉၄၈၀၀ ကို ရေဘေးသင့်ပြည်သူများ အား ထောက်ပံ့ပေးခဲ့ကြောင်းသိရသည်။

အောင်ဇင်မြင့်